(Zawgyi)
နွေဦးမို့ ခပ်စိတ်စိတ်လေးတိုက်နေတဲ့လေအေးအေးက
ပြတင်းပေါက်တံခါးကိုဖြတ်ပြီး အိပ်ယာပေါ်လူးလိမ့်နေတဲ့
ကျွန်တော့်ထံစိုက်စိုက်မြိုက်မြိုက်ရောက်လာသည်။
ကဗျာဆန်ဆန်အနေအထားနဲ့Romaticဆန်ဆန်
အချိန်အခါဖြစ်သော်လည်း~Kim Jonginလို
လူ့ငပျင်းအတွက်ကတော့စိတ်ပျက်စရာပင်။
ချီးပဲ!!ပြတင်းပေါက်တံခါးပိတ်ဖို့မေ့ခဲ့လို့
အခုတော့အိပ်ယာကမထချင်ပဲထနေရပြီ။စောက်လေကလည်းဒီမျက်နှာတည့်တည့်ကိုလာတိုက်နေရလား။ပြတင်းပေါက်ကိုဒုန်းကနဲမြည်အောင်တစ်ချက်တည်း
စောင့်ပိတ်လိုက်ပြီး ကုတင်ပေါ်ကိုချက်ချင်းပင်
ဒိုင်ဗင်ထိုးကာခုန်တက်လိုက်သည်။
အိပ်ရေးမဝသေးဘူးးးးလို့~~လာပြီး ကလူကြည်ဆယ်နေတဲ့လေနတ်သားမရှိတော့လို့
နစ်နစ်ခြိုက်ခြိုက်အိပ်ရတော့မယ်ထင်ထားသော်လည်း
အခန်းထဲဘယ်လိုဝင်လာမှန်းမသိတဲ့
ကမ္ဘာ့အမြင်ကပ်ဖို့အကောင်းဆုံးလူOh Sehunက
ပါးတွေကိုခပ်ဆတ်ဆတ်ပုတ်ရင်း
လူယုတ်မာနှိုးနည်းဖြင့်နှိုးလာသည်။"ထတော့လေ"
တစ်မျိုးတစ်ဖုံထူးထူးဆန်ဆန်းချိုသာနေတဲ့အသံကြီးက
ကြက်သီးထစရာပေမယ့်အိပ်ချင်မူးတူးနဲ့မို့
ဘာမှအရွဲ့မတိုက်နိုင်ပါ။
ကုတင်ပေါ်ခွေခေါက်နေတဲ့မိမိကိုဂုတ်ကနေလက်လျှိုပြီး
အတင်းထူနေတဲ့သူက အရင်နေ့တွေကလိုလွယ်လွယ်နဲ့
စိတ်တိုတက်တဲ့သူမဟုတ်တဲ့အတိုင်းပင်။
သူကဆွဲထူလိုက် ကိုယ်ကပြန်လှဲချလိုက်နဲ့
ငါးခါထပ်မနည်းဖြစ်ပြီးတာတောင် သူကစိတ်ရှည်နေတုန်း။"Jongin ကိုယ်ဖက်နမ်းရမလား
မင်းအခုချက်ချင်းထမလား"စိတ်ပျက်စရာနုနုယွယွအသုံးအနှုန်းတွေသုံးလာတော့
မယုံနိုင်မှုနဲ့အတူမျက်လုံးတွေကိုဖွင့်လိုက်မိသည်။
ဒီကောင်ရူးများသွားလေသလား။
ရေခဲတုန်းကိုဘိလပ်မြေလောင်းထားသလို
အေးစက်စက်မာကြောကြောမျက်နှာထားနဲ့
မလိုက်အောင်ချိုသာတဲ့စကားတွေပြောနေသည်။
ဘာ!မင်းရယ် ကိုယ်ရယ်။မသိရင်
တကယ့်ရည်းစားတွေကျလို့။"ဖယ်စမ်းကွာ!"
ကျွန်တော့်မျက်နှာနားအရမ်းကပ်နေတဲ့သူ့အခွက်ကြီးကို
လက်ဝါးဖြင့်တွန်းထုတ်လိုက်ရင်း
အိပ်ယာပေါ်ကမထချင်ထချင်နဲ့ထလိုက်ရသည်။
စူစူအောင့်အောင့်နဲ့ရေချိုးခန်းထဲဝင်ပြီးမျက်နှာသစ်ချိန်
မှန်ပေါ်မှာပေါ်နေတဲ့ကိုယ့်မျက်နှာကဟိုကောင့်လောက်
မချောတာမို့ ကိုယ့်ကိုယ်ကိုမေတ္တာပို့ပစ်လိုက်သည်။
ဒါပေမယ့်လည်း ကျွန်တော်ကစောက်ရမ်းခန့်သားနော့။
YOU ARE READING
Tom's Jerry(Z+U)[Completed]
Fanfictionငယ်ငယ်တုန်းကအရမ်းသဘောကျခဲ့တဲ့cartoonတစ်ခုကို Live actionအဖြစ်ပြန်မြင်ရမယ်ဆိုရင်ရော ငယ်ငယ်တုန်းကအရမ်းသဘောကျခဲ့တဲ့cartoonတစ်ခုကို Live actionအဖြစ်ပြန်မြင်ရမယ်ဆိုရင်ရော