(16)

2.7K 359 20
                                    

(Zawgyi)


"ရပြီ ရပြီကွ MPကွ"

ကျွန်တော် Student's boardက
majorခွဲဝေမှုစာရွက်ကိုကြည့်ပြီး
အားရဝမ်းသာအော်ဟစ်ပစ်လိုက်သည်။
ဘေးကBaekhyunက ဆူပုတ်ပုတ်နဲ့ကျွန်တော့်ကို
စိုက်ကြည့်နေတာမို့ ကျွန်တော်ပြုံးဖြဲနေမိတာကိုအရှိန်သပ်ကာ
Baekhyunကိုပုခုံးကနေဆွဲဖက်လိုက်သည်။

"Baekhyunneeကလည်းကွာ
majorပြန်ပြောင်းလာလို့ရတာပဲ
ငါကျောင်းသားရေးရာကိုလိုက်ပို့ပေးမယ်လေနော်"

"ငါပြောင်းလာရမှာမဟုတ်ဖူး မင်းပြောင်းလာရမှာ
Oh Sehunကမင်းနဲ့တစ်majorတည်းကို
မင်းနေနိုင်လို့လား"

ကျွန်တော်Baekhyunရဲ့စကားကိုကြားတော့
ရင်ထဲကအပျော်တွေအကုန်အရည်ပျော်ကျသွားသလိုပင်။
သူ့ကိုဖက်ထားရာကနေ ကျွန်တော်ခွာလိုက်ပြီး
Boardနားကိုတဖန်ပြန်ကပ်သွားလိုက်သည်။
Oh Sehun~တကယ်ကိုပဲ။
First year MPရဲ့Roll-1တဲ့လား။
စာရွက်ရဲ့အောက်ဆုံးကိုကြည့်လိုက်တော့
Roll-81ဆိုတဲ့ကျွန်တော့်အဆင့်လေးကပြောင်ပြနေသည်။

သူကmajorရဲ့အမှတ်အမြင့်ဆုံး
ကျွန်တော်က ကျွန်တော်က
ကျွန်တော့်နောက်မှာ လေးယောက်ပဲကျန်တော့တာ။

"အားးးမဖြစ်နိုင်ဘူး လုံးဝ လုံးဝ
ငါမနေနိုင်ဘူး သူနဲ့ဆိုလုံးဝ
ငါMajorပြောင်းမယ် ပြောင်းမယ်!"

ကျွန်တော်ချက်ချင်းပင် ကျောင်းသားရေးရာဆီသွားဖို့
ခြေလှမ်းပြင်လိုက်သည်။ဒါပေမယ့်လည်း ခြေလှမ်းနှစ်လှမ်း
လောက်လှမ်းပြီးချိန်မှာ ခြေလှမ်းတွေက ရပ်တန့်
သွားပြန်သည်။MPက ကျွန်တော်အရမ်းလိုချင်ခဲ့တဲ့ဟာကို။
ကျွန်တော် ဘာအတွက်နဲ့ပြောင်းပေးရမှာလဲ။ပြီးတော့
သူ့အမှတ်နဲ့ဆိုရင် ဘယ်majorကိုမဆိုပြောင်းလို့ရပေမယ့်
ကျွန်တော့်အမှတ်ပိစိနဲ့က သိပ်မလွယ်ကူနိုင်။

"ငါဘယ်လိုလုပ်ရမလဲ Baekhyun"

စိတ်ရှုပ်လက်ရှုပ်နဲ့ညည်းညူးလိုက်ရင်း
Baekhyunဆီပြန်လျှောက်သွားလိုက်ကာ
အနောက်ကနေဖက်ပြီး သူ့ပုခုံးပေါ်မေးတင်ထားလိုက်သည်။
Baekhyunကကျွန်တော့်ခေါင်းကိုနောက်ပြန်ပုတ်ပြီး
ကျွန်တော်ဖက်ထားတာကနေရုန်းသွားကာ
မျက်နှာချင်းဆိုင်ရပ်လာသည်။

Tom's Jerry(Z+U)[Completed]Where stories live. Discover now