(Zawgyi)
"ငါ့ဖုန်းရော ငါ့ဖုန်းဘယ်ရောက်သွားတာလဲ"
ရေချိုးခန်းထဲမဝင်ခင်တုန်းက ကုတင်ပေါ်သေချာတင်ခဲ့သော
ကျွန်တော့်ဖုန်းလေးက ဘယ်ဆီကိုများခြေထောက်ပေါက်ပြီး
ထွက်သွားပါသလဲ။အခုရေမိုးချိုးအဝတ်အစားလဲ
ထမင်းဆင်းစားပြီး အပေါ်ကိုပြန်တက်လာတော့
ဖုန်းကနေရာမှာမရှိတော့။မျက်စိရှေ့ကမြင်နေရသမျှ ဂျောင်ဂျိုဂျောင်ဂျားတိုင်းကို
စေ့စေ့ပေါက်ပေါက်လိုက်ရှာပေမယ့် လုံးဝရှာမတွေ့။
ကုတင်ပေါ်ကစောင်တွေကို ဆွဲဖယ်ပြီးရှာထားတာမို့
စောင်တွေက ကုတင်ခြေရင်းမှာအပုံလိုက်။
ဗီဒိုထဲက အဝတ်တွေကလည်း ကြမ်းပြင်ပေါ်ပြန့်ကျဲလျက်။"အားးးးးးဘယ်ရောက်သွားတာလဲလို့"
ကျွန်တော် စိတ်ရှုပ်ရှုပ်နဲ့ဆံပင်တွေအကြမ်းပတမ်းဆွဲဖွကာ
နေရာမှာထိုင်ချလိုက်ပြီး ဘေးကအပုံလိုက်ကျနေတဲ့
စောင်းပုံပေါ်ကိုလှဲချပစ်လိုက်သည်။"wae??wae?ဒီနေ့မှကောင်မလေးက
ဖုန်းနံပါတ်လာတောင်းသွားပါတယ်ဆိုမှ
ဖုန်းကဘာလို့ပျောက်သွားရတာလဲလို့!"ကြမ်းပြင်ပေါ် ပက်လက်အနေအထားနဲ့
ခြေထောက်ကို ရှေ့တိုးနောက်ဆုတ်ကာ
ခါရမ်းပစ်လိုက်သည်။ ခလေးတွေ ခြေစောင့်ငိုသလိုမျိုး။အခန်းတံခါးဘက်ကို ခေါင်းကြီးထားပြီး
ပက်လက်လှန်ထားတာမို့ တံခါးဆွဲဖွင့်ပြီးဝင်လာတဲ့
Oh Sehunကိုကြည့်ရတာ စောက်ထိုးကြီးဖြစ်နေသည်။
Oh Sehunက တစ်လှမ်းချင်းဆီလျှောက်လာပြီး
ကုတင်ပေါ်မတက်ပဲနဲ့ ကျွန်တော့်ခေါင်းတည့်တည့်မှာ
မတ်တပ်ရပ်လိုက်ပြီး အောက်ကိုငုံ့ကြည့်လာသည်။"ဘာလို့ ခလေးလိုလုပ်နေရတာလဲ"
ကျွန်တော် ဘာမှပြန်မဖြေရသေးခင် သူက
ကျွန်တော့်ဆီကနေ အကြည့်လွှဲသွားပြီး
အခန်းထဲကိုတစ်ချက်ဝေ့ကြည့်သည်။"ရှုပ်ပွနေတာပဲ မင်းဖွထားတာလား"
ထပ်ပြီးတော့ ကျွန်တော်ဘာမှပြန်မဖြေရသေးခင်
အဝတ်ဗီဒိုဆီကို ပတ်သွားကာ ကျွန်တော်ဖွထားတဲ့
အဝတ်တွေကို ဗီဒိုထဲသေချာပြန်ခေါက်ထည့်နေသည်။
ကျွန်တော်လှဲနေရာကနေ ကုန်းရုန်းထလိုက်ပြီး
ကုတင်ကိုမှီကာ သူလုပ်သမျှကို ဘာမှဝိုင်းမကူပဲနဲ့
ထိုင်ကြည့်နေလိုက်သည်။
YOU ARE READING
Tom's Jerry(Z+U)[Completed]
Fanfictionငယ်ငယ်တုန်းကအရမ်းသဘောကျခဲ့တဲ့cartoonတစ်ခုကို Live actionအဖြစ်ပြန်မြင်ရမယ်ဆိုရင်ရော ငယ်ငယ်တုန်းကအရမ်းသဘောကျခဲ့တဲ့cartoonတစ်ခုကို Live actionအဖြစ်ပြန်မြင်ရမယ်ဆိုရင်ရော