(26)

2.5K 341 87
                                    

(Unicode)

"အဲ့တော့ နှစ်ယောက်သားရန်ဖြစ်ပြီး မခေါ်ဘူးဆိုပါတော့"

ကျွန်တော်ခေါင်းအသာညိတ်ပြလိုက်ပြီး စားပွဲပေါ်မှာတင်ထားတဲ့ ရေခဲရေခွက်မှာကပ်နေတဲ့ရေစက်တွေကို လက်ညိုးနဲ့ဟိုတို့သည်တို့ လိုက်လုပ်နေလိုက်တယ်။

Baekhyunက သူထိုင်နေတဲ့ခုံကိုကျွန်တော့်ဘက်ဆွဲကပ်လာပြီး တစ်ခုခုပြောမယ်ပြင်ပြီးမှ ကျွန်တော်ဆော့နေတဲ့ရေခဲရေခွက်ကို အဝေးကိုရွေ့ပစ်လိုက်တယ်။ဆိုလိုတာက ဆော့မနေပဲနဲ့သူပြောတာကိုအာရုံစိုက်နားထောင်ဆိုတဲ့သဘော။

"ငါပြောမယ်Jongin...ဒီကိစ္စကမင်းဘက်ကမမှားဖူး။မင်းမှန်တယ်။ချစ်သူတစ်ယောက်အနေနဲ့မင်းမှာသဝန်တိုခွင့်အပြည့်ရှိတယ်။"

"ဒါပေမယ့်လည်း သူတို့ကရိုးရိုးသားသားလည်းဖြစ်နိုင်တယ်မဟုတ်ဖူးလား။"

Baekhyunက စုတ်တစ်ချက်သတ်လိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းသလိုတစ်ချက်ဝေ့ကြည့်တယ်။ကျောင်းနားက ကိတ်ဆိုင်လေးမှာမို့ လူကရှုပ်မနေသည့်တိုင် ရှင်းလည်းရှင်းမနေခဲ့။သူ့ဟာနဲ့သူတော့ သွားလာလှုပ်ရှားနေကြတာပါပဲ။

"မင်း Oh Sehunကိုသိတာဘယ်လောက်ကြာပြီလဲ"

"တစ်နှစ်ခွဲ!"

ကျွန်တော်လက်ညိုးတစ်ချောင်းထောင်ပြလိုက်ပြီး အဖြေပြန်ပေးတော့ Baekhyunက အရှေ့ကစားပွဲခုံကို လက်ဝါးနဲ့အားရပါးရရိုက်ချလိုက်ပြီး။

"အဲ့ဒါပြောတာ!တစ်နှစ်ခွဲ အဲ့တစ်နှစ်ခွဲအတွင်းမှာ သူဘယ်မိန်းခလေးနဲ့ အဲ့လိုတစ်ဝိုင်းတည်းထိုင်ခဲ့ဖူးလို့လဲ။အရမ်းသဘောကောင်းမနေနဲ့Kim Jongin!Oh Sehunကပျိုတိုင်းကြိုက်တဲ့လူနော်။မင်းအပြင် သူ့ကိုလိုချင်နေတဲ့မိန်းခလေးတွေမှတစ်ပုံကြီး"

အနှီးByun Baekhyunသည် မီးလောင်ရာလေပင့်လုပ်တဲ့နေရာတွင် သိပ်ကိုတော်လှသည်။အစက ဒီကိစ္စကို ကျွန်တော်အဲ့ဒီလောက်မထင်ခဲ့ပေမယ့် အခုတော့ သံသယကကြီးသထပ်ကြီးလာနေပြီ။

"ငါဘာလုပ်ရမလဲ Baekhyun"

Baekhyunကဆရာကြီးစတိုင်ဖမ်းပြီး မုတ်ဆိတ်မရှိတဲ့မေးစေ့ကြီးကို လက်ဖြင့်ပွတ်ကာဖြင့်

Tom's Jerry(Z+U)[Completed]Where stories live. Discover now