(24)

2.5K 329 47
                                    

(Unicode)

ထိုညက ညတာအတော်ရှည်ပြီး!ပူလည်းတော်တော်ပူလာသည်။ပြီးတော့...........

ပြီးတော့ဘာဆက်ဖြစ်လဲ??

ဘာဆက်ဖြစ်ရမှာလဲ...ဘာမှမဖြစ်ဘူးလေ။

Oh Sehunနဲ့Park Chanyeolကို ကျွန်တော့်ဖေဖေက နှစ်ချက်လောက်ထိုးခဲ့တာကလွဲရင် ဘာမှမဖြစ်ခဲ့ကြပါဘူး။

"တောက်!!!"

ဖေဖေ့ရဲ့ဒေါသအပြည့်နဲ့တောက်ခေါက်သံကြောင့် ဒူးထောက်လျက်ရှိနေတဲ့ ရာဇဝတ်သားနှစ်ယောက်မှာတွန့်ခနဲ။

"ငါတော့သွေးတက်ပြီးသေတော့မှာပဲ"

ဖေဖေက နောက်စိကိုလက်ဖြင့်အုပ်ကိုင်ရင်း ထိုင်ခုံပေါ်ထိုင်ချလိုက်တယ်။အခုက ညနှစ်နာရီ။လူအိပ်ချိန်မို့ ဖေဖေက အော်ကြီးဟစ်ကျယ်သောင်းကျန်းတာမျိုးတော့မလုပ်။

ဟိုနှစ်ယောက်ကတော့ အခုထိဒူးထောက်လျက်ရှိနေဆဲပဲ။ပြီးတော့ အထိုးခံထားရလို့မျက်နှာတစ်ခြမ်းဖူးယောင်နေတာကလွဲရင် သူတို့ပုံစံက အဆင်ပြေနေတဲ့ပုံပါပဲ။

"Baekhyun မင်းဖြေစမ်း!!မင်းနဲ့ဒီကာင်...နေဦး မင်းနာမည်ဘယ်သူ"

"Park...Park Chanyeolပါခင်မျ"

ရိုရိုကျိုးကျိုးပြန်ဖြေနေတဲ့ Park Chanyeolရဲ့ပုံစံကိုကြည့်ရတာ မျက်လုံးထဲကိုးလို့ကန့်လန့်။သူကဘယ်တုန်းကမှ ဒီလိုမျိုး စကားကိုယဉ်ကျေးသိမ်မွေ့ပြီးချစ်စရာကောင်းအောင်ပြောခဲ့တာမှမဟုတ်ပဲ။Baekhyunရှေ့မှာချွဲတာကတော့ချွင်းချက်ပေါ့။

"Baekhyunမင်းဖြေ မင်းနဲ့ ဒီPark Chanyeolက ဘယ်လိုပတ်သတ်တာလဲ"

"အဲ့ဒါက..သားတို့နှစ်ယောက်က..."

အဖြေစကားလမ်းတစ်ဝက်မှာ Park Chanyeolရဲ့တိုးလျှိုးတောင်းပန်တဲ့အကြည့်တွေက ဝေဝေဆာဆာထွက်ပေါ်လာတယ်။‌သေရမှာတော့ကြောက်သေးသားပဲ။အခုအချိန်မှာ သူ့အသက်က Baekhyunရဲ့စကားတစ်ခွန်းပေါ် မူတည်နေတယ်။

Baekhyunကသာ သူတို့နှစ်ယောက်ချစ်သူတွေပါလို့ဖြေလိုက်ရင် ဖေဖေကသူ့ကိုလွှတ်ပေးလိုက်မှာပေမယ့် ဘာမှမဆိုင်ပါဘူးလို့သာဖြေလိုက်ရင် ဖေဖေရဲ့တိုက်ကွန်ဒိုခါးပတ်နက်လက်စာကို သူကောင်းကောင်းမြည်းရမှာ။

Tom's Jerry(Z+U)[Completed]Where stories live. Discover now