(Zawgyi)
"Ya! Jongin ဘာလို့maskကြီးတပ်ထားတာလဲ
ဘာဒီဇိုင်းတွေထွင်နေပြန်တာလဲ"Miloကိုရိုးရိုးမသောက်ပဲ maskအောက်ကနေ
တပြွတ်ပြွတ်စုတ်ပြီးသောက်နေတာမို့ ပါးစပ်က
မအားတာကြောင့် Baekhyunမေးတာကို
ကျွန်တော်ပြန်မဖြေမိ။Miloဘူးလုံးဝကုန်သွားတော့မှ စားပွဲရင်းက
အမှိုက်ပုံးထဲပစ်ထည့်လိုက်ပြီး တစ်သျှူးတစ်ရွက်ယူကာ
maskအောက်ကနေပဲ သုတ်လိုက်သည်။
maskကိုတော့ လုံးဝလုံးဝ မချွတ်။
နည်းနည်းတော့ဗရမ်းဗဒါနိုင်တာပေါ့လေ။"Ya!!မေးတာဖြေလေ ~အဲ့maskကြီးချွတ်စမ်းပါ!
စကားထပ် လက်အရင်သွက်ပြီး ကျွန်တော့်maskကို
ပိုင်စိုးပိုင်နင်းလာကိုင်သောByun Baekhyunရဲ့လက်ကို
ကျွန်တော်ဖျတ်ခနဲရိုက်ချလိုက်ပြီး ပုံစံနည်းနည်းပျက်သွားတဲ့
Maskကို သေချာပြန်ပြင်လိုက်သည်။"ငါဒီနေ့တုတ်ကွေးဖြစ်နေလို့"
"တုတ်ကွေး"
မျက်ခုံးတွေပင့်ပြီးမေးနေတဲ့Baekhyunကို
ကျွန်တော်အကြည့်လွဲလိုက်ရင်း"အင်းလေ တုတ်ကွေးဖြစ်နေတာ"
"နွေရာသီကြီးကိုလေ"
ကျစ်!မိကျောင်းမသား!
ကျွန်တော်စိတ်ထဲကနေ မေတ္တာပို့ပစ်လိုက်ပြီးခန္တာကိုယ်ကို
တခြားဘက်ကိုစောင်းလိုက်တယ်။
ဘေးက Baekhyunက အတင်းလိုက်ပြီး
ကျွန်တော့်maskကိုလိုက်ဖယ်ဖို့လုပ်နေတာမို့
လက်တစ်ဖက်ကသူ့လက်တွေကိုကာရင်း
ကျန်လက်တစ်ဖက်နဲ့maskကိုဖိထားလိုက်သည်။ဒါတွေအားလုံး ဟိုကောင့်ကြောင့်။
မနေ့ညက ဖူးယောင်နေတဲ့နှုတ်ခမ်းက
မနက်ရောက်တော့လည်း အရောင်ကမကျ။
အရမ်းသိသာတာတော့လည်း မဟုတ်ပေမယ့်
ကျွန်တော့်စိတ်ထဲလိပ်ပြာမလုံတာမို့ တမင်တကာ
mask တပ်လာခြင်းပေ။လက်မြန်ခြေမြန် Byun Baekhyun က
ဘယ်တုန်းကသင်လာမှန်းမသိတဲ့ တိုက်ကွက်အသစ်တွေကို
ထုတ်သုံးလာလေတော့ ကျွန်တော့်maskခလေးခမျာ
အချိန်တိုအတွင်း သူ့လက်ထဲမရှုမလှနဲ့ပါသွားပါလေရော။"အယ် မင်းနှုတ်ခမ်းက"
ကျွန်တော့်နှုတ်ခမ်းကို လက်ညိုးထိုးကာ
သူက သူ့နှုတ်ခမ်းကိုသူပြန်ကိုင်ကြည့်နေသည်။
ကျွန်တော် သူ့လက်ထဲကmaskကိုပြန်လုလိုက်ပြီး
လုံးကျေနေရာကနေ ပြန့်သွားအောင်ဖြန့်လိုက်သည်။
YOU ARE READING
Tom's Jerry(Z+U)[Completed]
Fanfictionငယ်ငယ်တုန်းကအရမ်းသဘောကျခဲ့တဲ့cartoonတစ်ခုကို Live actionအဖြစ်ပြန်မြင်ရမယ်ဆိုရင်ရော ငယ်ငယ်တုန်းကအရမ်းသဘောကျခဲ့တဲ့cartoonတစ်ခုကို Live actionအဖြစ်ပြန်မြင်ရမယ်ဆိုရင်ရော