(29)

2.4K 329 153
                                    

(Zawgyi)

မဟုတ်သေးဘူး။ဒီအခြေအနေကြီးက အရမ်းထူးဆန်းနေတယ်။Sehunနဲ့Minhee noonaရဲ့အကြည့်တိုက်ပွဲက တဖြည်းဖြည်းပိုပြင်းထန်လာတယ်။ပြီးတော့ ဘာလို့ကျွန်တော်နဲ့Junmyeon hyungက အန္တာရယ်တွင်းထဲရောက်နေတဲ့သားကောင်တွေလိုဖြစ်နေရတာလဲ။

တကယ်ဆိုMinhee noonaက Junmyeon hyungရဲ့ငယ်သူငယ်ချင်း။Yixing hyungနဲ့တောင်မခင်တဲ့noonaက Sehunနဲ့ဆိုပိုလို့တောင်မအပ်စပ်သေးတယ်။ဒါပေမယ့်သူတို့နှစ်ယောက်လုံးက ရန်သူဟောင်းတွေလိုမျိုး တစ်ယောက်နဲ့တစ်ယောက်အကြည့်တိုက်ပွဲဆင်နွှဲနေတယ်။

"အဟမ်း!ဟို ဟိုလေ ဟင်းတွေအေးကုန်တော့မယ် စားရအောင်‌လေ"

ထမင်းစားပွဲမှာ တောင့်တောင့်ကြီးတွေထိုင်နေကြတာ ၁၅မိနစ်လောက်ပင်ရှိနေပြီမို့ မနေနိုင်တော့တဲ့Junmyeon hyungက ချောင်းတစ်ချက်ဟန့်ပြီးပြောလာတယ်။noonaက စားပွဲပေါ်ကတူကိုကောက်ကိုင်လိုက်ပြီး Sehunကိုစိုက်ကြည့်ကာ အရှေ့ကဟင်းပန်းကန်ထဲကိုဒုတ်ခနဲမြည်အောင်စောင့်ထိုးချလိုက်တယ်။

တူကိုပြန်ယူလိုက်တော့ အမဲသားဖက်ကတူမှာညှပ်ပြီးပါလာတယ်။noonaက ကျွန်တော့်ကိုပြုံးကာကြည့်ပြီး ဟင်းဖက်ကိုကျွန်တော့်ပန်းကန်ထဲထည့်ပေးဖို့ လက်လှမ်းလာတယ်။ဒါပေမယ့် ထင်တဲ့အတိုင်းပဲ Sehunက သူ့တူကိုအမြန်ကောက်ကိုင်လိုက်ပြီး noonaရဲ့တူကိုရှေ့ဆက်မတိုးနိုင်အောင် ညှပ်ထားတယ်

တစ်‌ယောက်နဲ့တစ်ယောက် မျက်လုံးပြူးပြနေကြတဲ့နှစ်ယောက်ဟာ တူတွေကိုလည်းရှေ့တိုးလိုက်နောက်ဆုတ်လိုက်နဲ့စစ်တိုက်သလိုလုပ်နေတယ်။တဖြည်းဖြည်းနဲ့ တူနှစ်ချောင်းရဲ့လှုပ်ရှားမှုကပိုပြီးမြန်လာပြီး နောက်ဆုံးမှာတော့ဟင်းဖက်က လွင့်စင်ထွက်သွားတယ်။ပြီးတော့ Junmyeon hyungရဲ့မျက်နှာတည့်တည့်မှာကပ်သွားတယ်။

သေလိုက်ကြတော့ အဲ့မှာ!

ပတ်ဝန်းကျင်ကပိုပြီးအေးစက်လာတာမို့ ကျွန်တော်ပြေးပေါက်ကိုကြိုပြီးရှာထားမိတယ်။Junmyeon hyungရဲ့မျက်နှာကပြုံးနေပေမယ့် တူကိုစုတ်ကိုင်ထားတဲ့သူ့လက်ကတော့အကြောပြိုင်းပြိုင်းထနေပြီ။လခွမ်း!!ဒီနေ့တော့ အိမ်မီးလောင်ပြီးပဲဟ။

Tom's Jerry(Z+U)[Completed]Where stories live. Discover now