(Zawgyi)
"လာခဲ့!!"
လက်ကောက်ဝတ်ဆီကိုဖြတ်ခနဲလှမ်းဆွဲရင်း
ကျောင်းခန်းထဲကနေ ကျွန်တော့်ကိုအတင်းဆွဲထုတ်လာသော
အနှီးOh Sehunကြောင့် စာအုပ်ထုတ်မယ်ဆိုပြီး
ဇစ်ဖွင့်ထားမိတဲ့ကျောပိုးအိတ်ကို ထိန်းကိုင်ရင်းလိုက်ခဲ့ရတယ်။ကျွန်တော့်ကိုလှည့်လည်းမကြည့် သ
စကားလည်းမပြော ဘယ်ခေါ်သွားနေမှန်းတောင်
ပြောဖို့စိတ်ကူးရှိပုံမရတဲ့ Oh Sehunကို
ကျွန်တော်အနောက်ကနေ ဂျိုကြည့်ကြည့်လိုက်တယ်။အခုထိ Baekhyunက ကျောင်းကိုရောက်မလာသေး။
သူကျောင်းရောက်လို့ ကျွန်တော့်ကိုမတွေ့ရင်
သူစိတ်ဆိုးတော့မယ်။ကျွန်တော်ကျောင်းခန်းထဲမှာ
ဖင်ပူအောင်တောင်မထိုင်ခဲ့ရ။ကျောင်းဝန်းအပြင်ကိုရောက်တော့
ဘယ်တုန်းကတည်းက အသင့်ခေါ်ထားတာလဲမသိတဲ့
Taxiတစ်စီးက အသင့်။ရုတ်တရပ်ကြီး
ဘာလို့Oh Sehunကားမယူလာတာလဲလို့
တွေးမိသွားတော့ စိတ်ကူးထဲကနေ ကိုယ့်ကိုယ်ကို
ခေါင်းခေါက်ပစ်လိုက်သည်။သူ့ကားက ရဲစခန်းမှာပဲ ဟာကို။ကျွန်တော့်လက်တွေကို လွှတ်ပေးလိုက်ရင်း
ကားနောက်ခန်းကို သူမျက်စပစ်ပြတော့
ကျွန်တော် တမင်မသိချင်ယောင်ဆောင်ရင်း
မလှမ်းမကမ်းမှာရပ်လာတဲ့ ကျောင်းFerryကားကိုသာ
မင်သေသေနဲ့လှမ်းကြည့်နေလိုက်တယ်။"Kim Jongin!!
ပြောရတာအရမ်းလက်ပေါက်မကပ်စမ်းနဲ့။
အခုထိမင်းကိုငါ ခွင့်လွှတ်သေးတာမဟုတ်ဖူး"ကျွန်တော့်အမှားနဲ့ကျွန်တော်မို့ ဘာမြှပန်ပြောဖို့
အခွင့်အရေးမရှိပေမယ့် မျက်စောင်းတစ်ချက်တော့
ကျွန်တော်ထိုးဖြစ်အောင်ထိုးလိုက်သေးသည်။
Oh Sehunဟာ သိပ်ကိုအမြင်ကပ်စရာကောင်းလွန်းတယ်။ကားတံခါးကို အသင့်ဆွဲဖွင့်ပေးထားတဲ့
သူ့လက်ဖြူဖြူကို ကျွန်တော်တစ်ချက်ကြည့်မိချိန်
ခေါင်းထဲကိုအတွေးလှလှလေးက ဝင်လာသည်။
တစ်နေ့န့တော့ သူ့လက်တွေကို
ကျွန်တော်ရစရာမရှိအောင် ကုတ်ဖဲ့ပစ်ဦးမည်။"ဝင်!"
သူက အသံမြှင့်ပြီး ခပ်စောင့်စောင့်အော်လိုက်တာမို့
ကျွန်တော် နောက်တစ်ခါထပ်ပြီး မျက်စောင်းထိုးလိုက်ရင်း
ကားပေါ်ကို စောင့်အောင့်တက်ပစ်လိုက်သည်။
အခုထိဇစ်မပိတ်ရသေးတဲ့ လွယ်အိတ်ကို
ရင်ခွင်ထဲထည့်ကာ တင်းတင်းကြပ်ကြပ်ပိုက်ထားရင်း
ဟိုဘက်တံခါးနားအထိ တိုးထိုင်မယ်အလုပ်~
YOU ARE READING
Tom's Jerry(Z+U)[Completed]
Fanfictionငယ်ငယ်တုန်းကအရမ်းသဘောကျခဲ့တဲ့cartoonတစ်ခုကို Live actionအဖြစ်ပြန်မြင်ရမယ်ဆိုရင်ရော ငယ်ငယ်တုန်းကအရမ်းသဘောကျခဲ့တဲ့cartoonတစ်ခုကို Live actionအဖြစ်ပြန်မြင်ရမယ်ဆိုရင်ရော