(23)

2.7K 333 75
                                    

(Unicode)

"hyung!"

ဧည့်ခန်းမှာထိုင်ရင်း အသီးထိုင်လှီးနေတဲ့Junmyeon hyungက သူ့ထုံးစံအတိုင်း ကျွန်တော့်ကိုအဖက်မလုပ်။ခဏနေရင် ဆေးရုံကဆင်းပြီးအိမ်ကိုပြန်ရောက်လာတော့မယ့်Oh Sehunနဲ့ သူ့အချစ်‌တော်Yixing hyungအတွက် ပန်းသီးကိုသေသေချာချာကိုဂရုစိုက်ပြီးလှီးနေတယ်။

ကျွန်တော် hyungနားကိုပိုတိုးကပ်သွားပြီး သူ့လက်ထဲက ဓားနဲ့ပန်းသီးနဲ့ကိုဆွဲလုပစ်လိုက်တယ်။ဟုတ်တယ်လေ။အဲ့လိုမှမလုပ်ရင် ကျွန်တော့်စကားကို လုံးဝအရေးစိုက်မှာမဟုတ်ဘူးလေ။

"ဘာလဲ ဘာလဲ ပြော!"

စူစူအောင့်အောင့်ဖြစ်နေတဲ့hyungကို ကပ်ဖားရပ်ဖားလုပ်တဲ့အနေနဲ့ ဇာတ်ကြောဆွဲပေးရင်း မျက်နှာချိုသွေးမိတယ်။တစ်ခုခုလိုချင်မှဒီလိုလုပ်တတ်တာ ကျွန်တော့်ထုံးစံမို့ Junmyeon hyungက မျက်မှောင်တွေကုတ်ရင်း စိုက်ကြည့်လာတယ်။

"ဘာလိုချင်လို့လဲ ပိုက်ဆံဆိုရင်တော့ လက်သီးကိုကြည့်ထား။မု့န်ဖိုးဆိုရင်တော့ ‌ကျွဲကောသီးစာမိမယ်နော်"

အရှေ့စားပွဲပေါ်က အခုထိအခွံမနွှာရသေးတဲ့ကျွဲကောသီးကို ကျွန်တော် မျက်လုံးစွေကြည့်ရင်း အယောင်ယောင်အမှားမှားနဲဲ့ ကိုယ့်နဖူးကိုကိုယ်လက်နဲ့အုပ်ကိုင်လိုက်မိတယ်။

"မဟုတ်ပါဘူး ပိုက်ဆံကိစ္စမဟုတ်ဖူး။ဒီတိုင်းအကူအညီတောင်းချင်လို့"

မယုံသလိုလိုကြည့်နေတဲ့hyungက ကျွန်တော့်အကြောင်းကို 'ကကြီး'ကနေ'အ'အထိ သိတဲ့လူ။အေးလေ။ဘယ်တုန်းက ဒီလိုမျိုးအကူအညီတောင်းတာပါဆိုပြီး စကားကြီးစကားကျယ်တွေပြောဖူးခဲ့လို့တုန်း။

"ဘာလဲ ပြော!"

ကျွန်တော် ခန္တာကိုယ်ကိုတစ်ဖက်တိမ်းစောင်းထိုင်းရင်း hyungကိုပါ ကျွန်တော်နဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် တစောင်းအနေအထားရောက်တဲ့အထိ ဆွဲလှည့်လိုက်တယ်။အခုတော့ ဆိုဖာခုံတစ်ခုံပေါ်မှာ ညီအစ်ကိုနှစ်ယောက် မျက်နှာချင်းဆိုင်လျက်။ကျွန်တော် hyungမျက်နှာကိုစေ့စေ့စိုက်ကြည့်ရင်း အသက်ပျင်းပျင်းရှူထုတ်လိုက်တယ်။ပြီးတော့..

Tom's Jerry(Z+U)[Completed]Where stories live. Discover now