I

8K 458 63
                                    

(Zawgyi)

BigHit Ent. ရှေ့ကို နောက်ဆုံးပေါ် ငွေမှင်ရောင် Mercedes-Benz ကားသစ်ကြီး ထိုးရပ်လာတဲ့အခါမှာ မီဒီယာသမားတွေက စုပြုံရောက်လာပြီး ကားနားတိုးဝှေ့ကြတော့တယ်...။ သို့ပေမယ့်လည်း အသင့်ရောက်လာတဲ့ Bodyguard တွေက ကားနားမရောက်အောင် ဆွဲတားထားကြတယ်...။

မကြာခင်မှာပဲ ကားတံခါးဟာပွင့်သွားပြီး သိပ်ချောတဲ့ကောင်လေးတစ်ယောက်ဟာ ကားပေါ်ကနေ အိနြေ္ဒရရဆင်းလာခဲ့တယ်...။ ပိန်ပိန်ပါးပါးခန္ဓာကိုယ်ပေါ်က ကြည့်ကောင်းလွန်းတဲ့အဝတ်အစားတွေ...။ ရွှေအိုရောင်ဆိုးထားတဲ့ ဆံပင်ခပ်ရှည်ရှည်တွေက လှလွန်းတဲ့မျက်နှာလေးပေါ် ကပိုကရိုဝဲကျနေတယ်...။ နားဆွဲရှည်တွေကိုလည်း ဝတ်ဆင်ထားသေးတဲ့ ထိုကောင်ငယ်လေးဟာ မိုးပေါ်ကကျလာတဲ့ နတ်သားတစ်ပါးအလားပါပဲ...။

"V shi ရုပ်ရှင်ဇာတ်ကားရိုက်ဖို့ စာချုပ်ချုပ်ထားတယ်ဆိုတာ တကယ်ပဲလား...??"

"LV ရဲ့ Brand ambassador ခန့်အပ်တာ ခံထားရတယ်ဆိုတော့ အသစ်ထွက်မယ့် LV brand တွေအတွက် ပင်တိုင်မော်ဒယ်လ်အဖြစ် တွေ့ရတော့မှာပေါ့နော်"

"အချစ်ရေးကိစ္စနဲ့ Ideal type လေး ပြောပြပေးပါဦး"

တစ်ယောက်တစ်ခွန်းစီ အလုအယက်မေးနေကြတဲ့ မီဒီယာတွေကို နတ်သားငယ်ဟာ အပြုံးလေးနဲ့ပဲပြန်တုန့်ပြန်ရင်း Bodyguard တွေခြံရံရင်း BigHit Ent. ရဲ့အဆောက်အဦးထဲသို့် ဝင်သွားလိုက်တော့တယ်...။ သူတို့မေးသမျှကိုသာ လိုက်ဖြေနေရင် ဒီနေ့တစ်နေ့တောင် ပြီးနိုင်လိမ့်မယ်မထင်...။

"ဒီနေ့အတွက်က ရိုက်ကူးရေးတစ်ခုပဲရှိပါတယ် V shi... အဲဒါပြီးရင် ပြန်နားချင်နားလို့ရပါပြီ... နောက်၃ရက်မှာတော့ Japan မှာ ကြော်ငြာတစ်ခုသွားရိုက်စရာရှိပါတယ်... အဲဒီ့အတွက်လည်း ကျွန်တော်က အကုန်စီစဉ်ထား....."

"ဟေ့ကောင်ရ ဘာလို့တရိုတသေတွေပြောနေတာလဲ... နားထဲမှာထော်လော်ကန့်လန့်နဲ့... အရင်လိုပဲ ပြောစမ်းပါကွ"

V ရဲ့ခပ်ဆောင့်ဆောင့်အော်သံကြောင့် သူ့ရဲ့မန်နေဂျာတစ်ဖြစ်လဲ ကျောင်းနေဖက်သူငယ်ချင်း Park Jimin လေးဟာ ဟီးခနဲရယ်ပြရင်း မျက်နှာချိုသွေးလေရဲ့..။

Change (Completed) Where stories live. Discover now