IX

2.2K 330 95
                                    

(Zawgyi)

အိမ်ထောင်သည်ဘဝကိုရောက်ရှိသွားတာက Hoseok အတွက် အရင်ကထက် အနည်းငယ်ပိုပင်ပန်းစေပေမယ့် ကိုယ်ချစ်တဲ့သူနဲ့အတူရှိနေတဲ့အတွက် ပျော်ရွှင်ရပါတယ်...။

မိဘအိမ်မှာနေတုန်းက မနက်မိုးလင်းတာနဲ့ မနက်စာအဆင်သင့်ဖြစ်ခဲ့ပေမယ့် အခုတော့ ကိုယ့်အတွက်ရော ကိုယ့်ချစ်သူအတွက်ပါ ကိုယ်တိုင်မနက်စာလုပ်နေရတယ်...။ ဒါတင်ဘယ်ကဦးမလဲ...။ ကျောင်းမသွားခင်မှာ ဘာမှမချက်တတ်တဲ့ ချစ်ရသူအတွက် နေ့လည်စာစားဖို့ပါ စီစဉ်ပေးခဲ့ရပြန်တယ်လေ...။

အခုလည်း အချိန်မရှိတော့တဲ့ကြားက အသည်းအသန်ချက်ပြုတ်နေရတော့ မီးဖိုခန်းက တတိယကမ္ဘာစစ်ဖြစ်နေသလို ရှုပ်ပွလို့နေလေပြီ...။ နာရီကိုတစ်ချက်လှမ်းကြည့်လိုက်ရင်း ပွက်ပွက်ဆူနေပြီဖြစ်တဲ့ ဟင်းရည်အိုးကိုမီးပိတ်လိုက်တော့တယ်...။ ပြီးတော့မှ ပေရေနေတဲ့အိုးခွက်ပန်းကန်တွေကို အကုန်သိမ်းကျုံးကာ ဘေစင်ထဲထည့်လိုက်တော့တယ်...။ ကျောင်းကနေပြန်ရောက်လာမှပဲ ဆေးတော့မယ်...။

အေပရွန်ကိုချွတ်ပြီး ကိုယ့်ကိုကိုယ်အနံ့ခံကြည့်တော့ ဟင်းနံ့အနည်းငယ်စွဲနေပေမယ့် အရမ်းမသိသာလှ...။ ရေမွှေးဆွတ်သွားလိုက်ရင် အဆင်ပြေလောက်ပါတယ်...။ ရေထပ်ချိုးဖို့အချိန်မှမလောက်တော့တာ...။

ထပ်နောက်ကျလို့မဖြစ်တော့တာကြောင့် အိပ်ခန်းဆီသို့အပြေးအလွှားသွားကာ အဝတ်အစားအမြန်လဲပြီး ကျောင်းသွားဖို့ပြင်ဆင်ရတော့တယ်...။ အိမ်ထဲမှာ သူတစ်ယောက်တည်း ယောက်ယက်ခတ်နေပေမယ့် ချစ်ရသူ Taehyung ကတော့ အိပ်ပျော်နေတာများ တုပ်တုပ်တောင်မလှုပ်...။ ကိုယ်ဝန်ကြောင့်အအိပ်များနေတာလို့ ဆရာဝန်ကပြောထားတာကြောင့် အရမ်းတော့စိတ်ပူနေစရာမလိုပါ...။

အားလုံးပြင်ဆင်ပြီးတော့မှ အိပ်ပျော်နေတဲ့ချစ်ရသူနားသို့ အသာကပ်သွားလိုက်ကာ ပါးနုနုလေးထက် အနမ်းဖွဖွခြွေလိုက်မိတယ်...။ ထိုအခါ ကိုယ်ငယ်လေးက အတန်ငယ်လွန့်လူးလာပြီး မျက်လုံးလေးကိုအသာဖွင့်ကြည့်လာရဲ့...။ ထိုအခိုက်အတန့်မှာ ကျောင်းနောက်ကျနေပြီဆိုတာကိုလည်း Hoseok သတိမရနိုင်တော့ပါချေ...။

Change (Completed) Where stories live. Discover now