XXII

1.7K 300 72
                                    

(Zawgyi)

ခုရက်ပိုင်းမှာ Hoseok က album အသစ်ထွက်ဖို့ရှိတာကြောင့် အရင်လိုမအားလပ်တော့ပေ...။ Taehyung ကတော့ ကြေငြာရိုက်စရာရှိရင် လက်ခံလိုက်ပေမယ့် drama ရိုက်ဖို့ကမ်းလှမ်းလာရင်တော့ ငြင်းပစ်လိုက်တယ်...။

Jihye နဲ့လည်း အရင်လိုတပူးတွဲတွဲသိပ်မရှိတော့တာကြောင့် fan တွေက ပြတ်တော့မယ်လို့ ထင်ကြေးပေးနေကြလေပြီ...။ ကိုယ်ကအနုပညာရှင်မို့ ဘာလုပ်လုပ်ဂရုစိုက်နေရတာကို Taehyung သဘောမကျတော့ပေ...။ အရင်လို လွတ်လပ်တဲ့ဘဝကို ပြန်ရောက်ချင်မိတယ်...။ Hoseok နဲ့ပဲလက်ထပ်ပြီး ကလေးလေးတွေမွေးချင်တယ်...။ ဒါပေမဲ့လည်း အဲလိုဖြစ်လာဖို့ လွယ်ပါတော့မလား...။

ူ"Taehyung ရေ... ညနေကျရင် အချိုရည်ကြေငြာတစ်ခု ရိုက်စရာရှိတယ်နော်... ရိုက်ကွင်းက ရေကူးကန်မှာလို့ပြောတယ်"

"အင်း... ငါပြင်ထားလိုက်မယ်"

မျက်နှာမသာမယာဖြစ်နေတဲ့ Taehyung ကိုကြည့်ပြီး Jimin အထာပေါက်သလိုပြုံးမိတယ်...။ သူ့အချစ်နဲ့မတွေ့ရလို့ ဖြစ်မယ်...။ ခုနကလေးတင် Yoongi Hyung က ဖုန်းဆက်တယ်...။ သူတို့ဒီနေ့အလုပ်စောစောနားမှာမို့ Hoseok က Taehyung ရဲ့ရိုက်ကွင်းကိုလာခဲ့မယ်တဲ့လေ...။ ဒါပေမဲ့ Taehyung ကိုမပြောနဲ့တဲ့...။

တကယ်တော့ Taehyung လိုပင် Jimin လည်း Yoongi Hyung ကိုလွမ်းပါတယ်...။ သူတို့၂ယောက်ရဲ့အဖြစ်က အလုပ်အတူတူတွဲလုပ်နေတဲ့ လူ၂ယောက်ကို ရည်းစားလုပ်နေရတော့ တွေ့ရင်လည်းအတူတူ... မတွေ့ပြန်ရင်လည်း အတူတူလွမ်းနေရတယ်...။

"ဒါနဲ့ Jimin... ကြေငြာရိုက်ရင် ရေထဲတော့ဆင်းစရာမလိုဘူးမလား...??"

"မလိုလောက်ပါဘူး... ဆင်းရရင်တောင် ရေတိမ်ပိုင်းမှာပဲနေလေ... မင်းရေမကူးတတ်တာ ငါသိပါတယ်ကွ"

"အင်းပါ... ပြီးတာပဲ... တော်ကြာရေကူးပြနေရမှာစိုးလို့"

Jimin ကတော့ နားလည်စွာနဲ့ပြုံးပြလိုက်တယ်...။ သူကမှ ရေကူးတတ်သေးပေမယ့် Taehyung ကတော့ ရေကူးကန်ကိုအတူလိုက်လာရင်တောင် အပျင်းပြေရေဝင်စိမ်တာလောက်ပဲ လုပ်တတ်သည်လေ...။

နေ့လည်ခင်းကို မဂ္ဂဇင်းကာဗာတစ်ခုအတွက် ဓာတ်ပုံရိုက်ကူးပြီးတော့ ကြော်ငြာရိုက်ကွင်းကို ၂ယောက်သားအတူတူထွက်လာခဲ့လိုက်ကြတယ်...။ သူတို့ရောက်သွားတော့ အတန်ငယ်တောင် စောနေသေးတာကြောင့် စက်အဖွဲ့သားတွေက ပြင်ဆင်နေတုန်းပင်ရှိသေးတယ်...။

Change (Completed) Where stories live. Discover now