XV

2K 332 59
                                    

(Zawgyi)

V ရဲ့ dating new နဲ့ပတ်သတ်တဲ့ ဂယက်ထမှုကလည်း တဖြည်းဖြည်းနဲ့ ပြန်ငြိမ်သက်သွားခဲ့လေပြီ...။ ဇာတ်လမ်းတွဲတစ်ခုမှာ အတူတူသရုပ်ဆောင်ဖြစ်ကြတဲ့ သူတို့၂ယောက်ကိုလည်း လိုက်ဖက်တဲ့စုံတွဲလို့ လူတွေက သတ်မှတ်လာကြတယ်...။ အရာအားလုံးဟာ နေသားတကျနဲ့ပဲပေါ့...။

အဆိုတော် Jhope သည်လည်း သူ့ရဲ့မန်နေဂျာအသစ်လည်းဖြစ် တေးရေးဆရာလည်းဖြစ်တဲ့ Yoongi ရဲ့အကူအညီနဲ့ album အသစ်ထပ်ထုတ်ဖို့ လုံးပန်းနေရတာကြောင့် မအားမလပ်နိုင်ရှာပေ...။ လောလောဆယ်မှာ ချစ်သူရည်းစားမရှိသူမို့ မိန်းကလေးများရဲ့ အာရုံစူးစိုက်မှုကိုလည်း သိမ်းပိုက်ရရှိထားပြီလေ...။ သူ့ရဲ့ပြိုင်ဘက်လိုဖြစ်နေတဲ့ V က sold out သွားပြီမို့ မိန်းကလေးတွေရဲ့ အာရုံစူးစိုက်မှုက သူ့ဆီမှာပိုများလာရပြီ...။

အချစ်ရေးနဲ့ပတ်သတ်လို့မေးလာတိုင်း ရှောင်လွှဲဖြေတတ်တဲ့သူ့ကို အချစ်ကိုစိတ်နာနေသူလို့ လူအများက သတ်မှတ်လာကြတယ်...။ သူကတော့ လူတွေဘယ်လိုပဲပြောနေပါစေ သူ့သီချင်းအသစ်တွေကိုသာ အာရုံထားနေခဲ့တယ်...။ တခါတလေတော့ သူ့ရဲ့ခွေးလေး Yeontan ရဲ့ပုံတွေကို SNS မှာတင်တတ်သေးရဲ့...။

"အိုး.. ငါ့ရဲ့ Yeontan လေး ဒီအရွယ်တောင်ရောက်နေပြီ... လွမ်းလိုက်တာ ငါ့ကလေးလေး"

Jhope တင်လိုက်တဲ့ ပုံအသစ်လေးကိုကြည့်ပြီး မချင့်မရဲပြောနေတဲ့ V ကိုကြည့်ရင်း Jimin သက်ပြင်းချမိတယ်...။ ပြောတော့ မုန်းတယ်ဆိုပြီး Jhope ပုံအသစ်တင်တိုင်း အပြေးအလွှားဖွင့်ကြည့်တာ သူမဟုတ်တဲ့အတိုင်း...။ ပြောပြန်ရင်လည်း ပြိုင်ဘက်တွေမို့လို့ဆိုတဲ့ ဆင်ခြေပေးတဲ့စကားပဲ ထွက်လာမှာကိုသိနေတာကြောင့် Jimin လည်း မေးမနေတော့ပေ...။

တအိမ်တည်းအတူနေတဲ့သူငယ်ချင်းမို့ V ရဲ့စိတ်ခံစားချက်တွေကို Jimin နားလည်တယ်...။ သူဘယ်လောက်ပဲ ပါးစပ်ကနေမုန်းတယ်ပြောပြော Jhope အပေါ်ခုထိ သံယောဇဉ်မပြတ်သေးတာရော ဟိုကဘာလုပ်လုပ် လိုက် stalk နေတာရောကိုပေါ့...။ ဘယ်လိုပဲဖြစ်ဖြစ် အဲ့အကျိုးဆက်က ရည်းစားတစ်ယောက် အဖတ်တင်သွားတာပေါ့လေ...။

"မင်း ဒီနေ့အားတယ်မလား... Noona နဲ့သွားမတွေ့တော့ဘူးလား...??"

ဒါကတော့ Jimin တစ်ယောက် သိသိရက်နဲ့ ကလိလိုက်ခြင်းသာ...။ စတွဲကာစတုန်းကသာ ဟိုနေရာဒီနေရာမှာ တတွဲတွဲတွေ့ရတတ်လို့ ပါပါရာဇီတွေရဲ့ကင်မရာမှာ မှတ်တမ်းတင်ခံရပေမယ့် ခုနောက်ပိုင်းတော့ ၂ယောက်သား သွေးအေးနေကြပြန်ပြီလေ...။

Change (Completed) Where stories live. Discover now