XXV (Final)

3.5K 343 90
                                    

(Zawgyi)

အနုပညာအလုပ်တွေမလုပ်တော့ပေမယ့် Instagram နဲ့ Twitter မှာတော့ follower အများဆုံးဖြစ်နေတဲ့သူကို ပြောပါဆိုရင် V လို့ တချိန်ကလူသိများခဲ့တဲ့ Jung Taehyung ကိုပဲပြရမှာပါ...။ ခုလည်း သူ့ရဲ့ Twitter acc မှာ တင်လိုက်တဲ့ Baby Boy ဆိုတဲ့ caption နဲ့ မွေးကင်းစကလေးလေးရဲ့ နီတာရဲလက်လေးတစ်ဖက်ပုံလေးက ချက်ချင်းပင် vote တွေတက်လာခဲ့တယ်...။ Retweet တဲ့သူတွေနဲ့ Comment ပေးတဲ့သူတွေကလည်း အများအပြားပင်...။

"Congratulations ပါ Jung couple ရေ"

"Jung မိသားစုအသစ်တစ်ယောက် တိုးလာပြီပေါ့"

"ကလေးလေးရဲ့မျက်နှာကိုမြင်ချင်တာ.. အဖေ၂ယောက်လုံးက ချောကြတော့ သူလေးလည်း သေချာပေါက်ချောမှာ"

များပြားလှတဲ့ comment တွေထဲကနေ ကောင်းနိုးရာရာတွေကို ဖတ်ပြနေတဲ့ Hoseok...။ Taehyung ကတော့ သားငယ်လေးကိုနို့ဘူးတိုက်ရင်း နားထောင်နေခဲ့တယ်...။ လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာ သူတို့၂ယောက်လည်း acc တစ်ခုတည်းကို အတူတူသုံးဖြစ်ကြတယ်...။ Hoseok ရဲ့အရင်သုံးလက်စ acc က active မဖြစ်တော့တာ ကြာခဲ့ပြီလေ...။ ဒါကြောင့်သူတို့ရဲ့ fan တွေက Taehyung ရဲ့ acc ကိုသာ follow လုပ်ထားပြီး သူတို့၂ယောက်နဲ့ပတ်သတ်တဲ့ သတင်းမှန်သမျှကို သိရှိလာရတယ်...။

အများကတော့ အားကျစရာကောင်းတဲ့ relationship တစ်ခုလို့ သတ်မှတ်ကြတယ်...။ တကယ်တမ်းလည်း သူတို့ရဲ့အိမ်ထောင်ရေးဟာ ကတောက်ကဆတောင်မရှိဘဲ သာယာဖြောင့်ဖြူးလွန်းလှတယ်...။

Taehyung ကိုယ်ဝန်စရှိကတည်းက ၂ဖက်မိဘတွေကလည်း သဲသဲလှုပ်ဂရုစိုက်လိုက်ကြတာ...။ အိမ်အကူရှိနေတာတောင် နေ့တိုင်းလာကြည့်ရတာအမော...။ Taehyung ကလည်း အနေအထိုင်အသွားအလာကို အရမ်းဆင်ခြင်တယ်...။ လမ်းလျှောက်ရင်တောင် ခြေတစ်လှမ်းချင်းစီနဲ့ ခပ်ဖြည်းဖြည်းသာ လျှောက်တဲ့အထိ...။

ဒီလိုနဲ့ သားငယ်လေးကို အောင်အောင်မြင်မြင်ပဲ မွေးဖွားလာနိုင်ခဲ့တယ်...။ Hoseok နဲ့ တော်တော်လေးရုပ်ချင်းဆင်လှတာကြောင့် Taehyung သူ့ကိုဘယ်လောက်ချစ်လဲဆိုတာ ပြောပြဖို့တောင်မလိုတော့ပေ...။

"Aigoo ဘေဘီလေးက နို့တွေအရမ်းသောက်တာပဲ... အစားပုတ်လေးဖြစ်မှာပါကွာ"

Change (Completed) Where stories live. Discover now