VII

2.3K 357 94
                                    

(Zawgyi)

"တော်တော်မှပျော်ခဲ့ရဲ့လား...??"

အိမ်ထဲဝင်လာတဲ့ Jimin ကို V က မျက်နှာထိမျက်နှာထားနဲ့ကြည့်ပြီး မေးလိုက်တာကြောင့် လိပ်ပြာမလုံသူ Jimin ခမျာ သွားလေးဖြဲကာမျက်နှာချိုသွေးရတော့တယ်...။

"မင်းကလည်း သူငယ်ချင်းကိုအဲလိုပြောစရာလား...?? တကယ်ဆိုငါက နေမကောင်းတဲ့သူလေ"

"နေမကောင်းတာက မကောင်းတာပေါ့... Yoongi Hyung နဲ့အတူပြန်လာရတော့ ပျော်နေတာမလား.. မင်း Hyung ကိုစိတ်ဝင်စားနေတာ ငါသိသားပဲ"

"အမ်... အရမ်းသိသာသွားတာလား...??"

စပ်ဖြီးဖြီးနဲ့ပြန်မေးလာတဲ့ Jimin ကို V လည်း ဘာမှပြောမနေတော့ဘဲ မျက်နှာကိုသာမဲ့ရွဲ့ပြလိုက်တယ်...။ ဒီလောက်သိသာနေတာကြီးကို...။ ဒါပေမဲ့ စိတ်မကောင်းစရာက Yoongi Hyung လို ရေခဲတုံးကိုသွားကြိုက်မိရင် သေချာပေါက်အချေခံရမယ်ဆိုတာပါပဲ...။ ပြောမနေတော့ပါဘူး... ကိုယ်နဲ့အနေသာကြီးကို...။

"ဒါနဲ့.. Hyung က မင်းကိုဒီအထိလိုက်ပို့ပေးတာမလား... ဘာလို့အိမ်ပေါ်ကိုမခေါ်ခဲ့တာလဲ... အနည်းဆုံးတော့ သောက်စရာတစ်ခုခုနဲ့ ဧည့်ခံသင့်တာကို"

V လှမ်းမေးလိုက်တော့ Jimin လည်း ခြေပစ်လက်ပစ်ထိုင်နေရာကနေ လှမ်းကြည့်လာတယ်...။ သူ့ခမျာ ကိုယ်တိုင်လည်းကားမောင်းရတာမဟုတ်ဘဲ ပင်ပန်းနေရှာတယ်...။ Yoongi Hyung က ဘယ်တော့မှသူများမောင်းတဲ့ကားကို မစီးတတ်တာကြောင့် သေချာပေါက်သူပဲမောင်းမှာကို...။

"Jhope ဆီကိုသွားတယ်လေ... ငါ့ဆီကနေ ကားကိုတောင် ငှားသွားသေးတယ်... ညကျမှပြန်လာပေးမယ်တဲ့"

"ဟမ်... ဘာလို့သူ့ဆီသွားရတာလဲ...?? ကွန်ဒိုအောက်ထိရောက်နေတာတောင် ငါ့ကိုလာမတွေ့ဘဲ သူ့ဆီကိုကျတော့ တကူးတကကြီးသွားတွေ့တယ်လား...??"

V ရဲ့စိတ်ထဲမှာ တော်တော်လေးမကျေမနပ်ဖြစ်နေမိတယ်...။ ဘယ်တော့မဆို ကိုယ့်ကိုဦးစားပေးမှ နှစ်သက်သဘောကျသူမို့ Yoongi Hyung ရဲ့လုပ်ရပ်ကို သိပ်မကျေနပ်ပေ...။ တကယ်ဆို ပေါင်းလာတာချင်းအတူတူကို ဘာလို့သူ့ကိုကျမှ ပိုပိုသာသာအရေးပေးရတာလဲ...။

Change (Completed) Where stories live. Discover now