III

2.7K 371 79
                                    

(Zawgyi)

ဒီလရဲ့ Time မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ပါဝင်ခွင့်ရလိုက်တဲ့ Jhope ခေါ် Jung Hoseok...။ နိုင်ငံတကာသိ မဂ္ဂဇင်းဖြစ်တဲ့အလျောက် Jhope သည်လည်း အရင်ကထက်ပိုပြီး လူသိများလာတာအမှန်ပင်...။ ဒါ့အပြင်အရင်ကတည်းက Jhope ကိုဆိုရင် အတင်းအင်တာဗျူးချင်ကြတဲ့ ကိုရီးယားသတင်းထောက်တွေကလည်း အရင်ကထက်ပိုရဲတင်းလာကြတယ်...။

"ဒီပုံစံအတိုင်းဆို အင်တာဗျူးတစ်ခါလောက်တော့ လုပ်မှဖြစ်တော့မယ်ထင်တယ်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဒီပုံစံအတိုင်းဆို အင်တာဗျူးတစ်ခါလောက်တော့ လုပ်မှဖြစ်တော့မယ်ထင်တယ်... Jhope shi လည်း မန်နေဂျာမရှိတော့ ပင်ပန်းမှာပဲ... လူရှာပေးရမလား"

"ရပါတယ်ဒါရိုက်တာကြီးရယ်... ကျွန်တော်အဆင်ပြေပါတယ်... မန်နေဂျာကိစ္စလည်း စိတ်မပူပါနဲ့... တကယ်လိုအပ်လာတဲ့အခါကျရင် ပြောပါ့မယ်"

Hoseok ကတော့ အပြုံးချိုချိုလေးတွေနဲ့ ခပ်အေးအေးပဲပြောနေတယ်...။ သူ့ကိုယ်သူလည်း Time မဂ္ဂဇင်းမှာ မျက်နှာဖုံးရှင်အဖြစ် ရွေးချယ်ခံရမယ်လို့ မထင်ခဲ့မိတာကြောင့် ဘာမှတောင်ကြိုတင်ပြင်ဆင်မှုမရှိခဲ့...။ ပြောရရင် BigHit family dinner က သူ့ရဲ့ဓာတ်ပုံတွေက အင်တာနက်မှာပျံ့နှံ့သွားပြီးနောက် Time မဂ္ဂဇင်းရဲ့အယ်ဒီတာချုပ်က ဆွဲဆောင်မှုအရှိဆုံး အာရှအမျိုးသားတစ်ယောက်အဖြစ် ရွေးချယ်ခဲ့ခြင်းပင်...။

မမျှော်လင့်ဘဲ နိုင်ငံတကာထိ ပေါက်ရောက်သွားတဲ့အတွက် Hoseok ရဲ့ Album ချပ်ရေတွေလည်း အရင်ကထက် ၂ဆလောက်ရောင်းအားတက်လာတာအမှန်ပင်...။ ဒီနှစ်က Hoseok အတွက် ကံကောင်းတဲ့နှစ်တစ်နှစ်လို့ ပြောရမယ်ထင်တယ်...။ ခုဆိုရင် Solo concert တွေအတွက်ပါ နေရာသတ်မှတ်ပြီးဖြစ်နေလေပြီ...။

Change (Completed) Where stories live. Discover now