V

2.4K 360 78
                                    

(Zawgyi)

ရှိသမျှ Schedule တွေကိုဖျက်ပြီး Jimin နဲ့အတူ ဒယ်ဂူမြို့လေးဆီသို့ ထွက်လာခဲ့တဲ့ V...။ Omma ကလည်း မရောက်တာကြာတဲ့ဇာတိမြို့လေးကို လိုက်ချင်ပေမယ့်လည်း ရုတ်တရတ်ကြီးထစီစဉ်ရတာမို့ သူမရဲ့အလုပ်တွေက မပြီးပြတ်နိုင်တာမို့ လိုက်ဖို့လက်လျော့ခဲ့ရတယ်...။

"ငါတို့မြို့လေးက လှတယ်မလား Jimin...??"

အတန်ငယ်ပျော်မြူးနေဟန်ရှိတဲ့ V ကြောင့် Jimin လည်း ကားမောင်းနေရင်းနဲ့ ခေါင်းသာညိတ်ပြလိုက်တယ်...။ ဆိုးလ်ကနေ တောက်လျှောက်မောင်းလာတာကြောင့် လူကပင်ပန်းနေပေမယ့်လည်း ဒယ်ဂူမြို့လေးရဲ့အလှက Jimin ကို အမောပြေစေတာတော့အမှန်...။ မြင်မြင်သမျှ သစ်ပင်အုပ်အုပ်ဆိုင်းဆိုင်းလေးတွေနဲ့မို့ မြို့ကြီးပြကြီးတွေမှာသာ ကြီးပြင်းခဲ့ရသူ Jimin အတွက် မြင်ကွင်းတွေက အထူးအဆန်းဖြစ်နေလေတယ်...။

"ရှေ့ကလမ်းဆုံလေးရောက်ရင် ညာကွေ့လိုက်"

သူညွှန်ပြတဲ့အတိုင်း တသွေမတိမ်းပဲ Jimin မောင်းလာခဲ့လိုက်တယ်...။ လမ်းမှာတော့ သူပြောတယ်...။ Yoongi Hyung က သူနဲ့အရမ်းခင်တဲ့သူငယ်ချင်းတဲ့...။ ကျောင်းတက်နောက်ကျတဲ့ Hyung က အတန်းတူပေမယ့် အသက်ပိုကြီးနေတာတဲ့...။ သူ့အမေပြောဖူးတာကတော့ သူငယ်ချင်း၃ယောက်ပေမယ့် နောက်တစ်ယောက်အကြောင်းကိုတော့ သူမပြောခဲ့ပါ...။ ထိုနောက်တစ်ယောက်ဟာ Jhope ဖြစ်လိမ့်မလားလို့ Jimin စိတ်ထဲဇဝေဇဝါတွေးမိပေမယ့် ထုတ်မမေးဖြစ်ခဲ့ပေ...။

"ငါတခြားသူငယ်ချင်းတွေနဲ့မတွေ့ချင်ဘူး.. သူတို့က မကောင်းကြဘူး.. ပေါက်တတ်ကရတွေမြှောက်ပေးဖို့နဲ့ ငါ့ဆီကညာစားဖို့ပဲတတ်ကြတာ"

"အဲဒါကြောင့်မင်းက Yoongi Hyung ကိုပဲခင်တာလား"

"ဟုတ်တယ်...သူကအပြောဆိုးပေမယ့် စိတ်ရင်းကောင်းတယ်.. ငါယုံကြည်လို့ရတဲ့သူမျိုးပေါ့"

ငါကတော့မယုံကြည်ရဘူးလားလို့ Jimin မေးလိုက်ချင်ပေမယ့် စိတ်ဒဏ်ရာရခဲ့ဖူးတဲ့ V ကို အခက်မတွေ့စေချင်ပါ...။ ဒါကြောင့်လည်း သူပြောတာပဲနားထောင်ပြီး ထပ်တွန့်မေးခွန်းထုတ်ခြင်းကို Jimin ရှောင်ကျဉ်ခဲ့တယ်...။

Change (Completed) Where stories live. Discover now