XIII

2.2K 328 113
                                    

(Zawgyi)

"Tannie လက်ပေး"

"ဝု... ဝု...!!!"

နေ့လည်စာပြင်ဆင်နေတဲ့ Hoseok ဧည့်ခန်းထဲမှာ ခွေးလေးနဲ့ဆော့နေတဲ့ Taehyung ကိုလှမ်းကြည့်ရင်း ပြုံးလိုက်မိတယ်...။ ကလေးလေးကို ဆုံးရှုံးသွားပြီးကတည်းက Taehyung ကိုခုလိုလေး ပျော်ပျော်ရွှင်ရွှင်မမြင်ခဲ့ရတာကြာလေပြီ...။

"Tae... ထမင်းစားလို့ရပြီ"

သူလှမ်းခေါ်လိုက်တော့ Taehyung လည်း Tannie လေးကို ဘေးမှာချလိုက်ပြီး ထမင်းစားခန်းထဲသို့ဝင်လာလေတယ်...။ မျက်နှာလေးကတော့ ခုနကနဲ့မတူဘဲ အတန်ငယ်ခပ်တည်တည်ပင်...။

"Tae ကြိုက်တဲ့ဟင်းတွေချည်းပဲ ချက်ထားတယ်... များများစားနော်... ခုတလော ပိန်သွားသလိုပဲ"

ငြိမ်ငြိမ်သက်သက်လေးနဲ့ ထမင်းစားနေတဲ့ Taehyung ကိုကြည့်ပြီး Hoseok သက်ပြင်းချမိတယ်...။ အရင်က တီတီတာတာချွဲနွဲ့တတ်တဲ့ Taehyung ဟာ ခုတော့ဖြင့် အနေအေးစက်လာသလိုပင်...။ Tannie ရှိနေလို့သာ အနည်းငယ်ရယ်ရယ်ပြုံးပြုံးဖြစ်လာပေမယ့် Hoseok ကိုကျတော့ ခပ်တန်းတန်းပင်...။

"ဒီနေ့အပြင်သွားဦးမှာလား...??"

အေးစက်စက်လေသံနဲ့မေးလာတဲ့ Taehyung ကြောင့် Hoseok လည်း အတွေးလွန်နေရာကနေ ပြန်သတိဝင်လာတယ်...။

"ဟုတ်တယ်... စာမေးပွဲနီးနေပြီဆိုတော့ သူငယ်ချင်းတွေနဲ့စာစုကျက်မလို့လေ"

"ဘယ်သူ့အိမ်မှာလဲ...??"

"Yoongi Hyung ရဲ့အိမ်လေ"

Taehyung ခပ်စူးစူးအကြည့်တွေနဲ့ Hoseok ကို စိုက်ကြည့်နေမိတယ်...။ သူ့မျက်နှာကိုမော့မကြည့်ဘဲ ဖြေနေတဲ့ Hoseok ဟာ တစ်ခုခုကိုလိမ်ညာထားမှန်း သိသာလွန်းတယ်...။ Taehyung က အဲ့လောက်ထိမတုံးပါဘူး...။ သူလိမ်ညာတော့မယ်ဆိုရင် မျက်လုံးချင်းမဆုံရဲမှန်း သိနေပြီးသားပါ...။

"အင်း... စောစောပြန်ခဲ့"

"Tae ရော အပြင်ထွက်မှာလား...?? မသွားပါနဲ့... ရာသီဥတုက အေးနေပြီ... အိမ်မှာပဲနွေးနွေးထွေးထွေးနေနော်.. ကိုယ်ပြန်လာရင် မုန့်ဝယ်လာခဲ့မယ်"

Taehyung ဝတ်ကြေတန်းကြေသာ ခေါင်းညိတ်ပြလိုက်တယ်...။ Hoseok ကိုဖောက်ပြန်နေတယ်လို့ သံသယဝင်မိပေမယ့် လက်ပူးလက်ကြပ်မမိသေးသဖြင့် စွပ်စွဲလို့မရသေးပေ...။ ဟိုတနေ့က Taehyung စိတ်လိုလက်ရနဲ့ အဝတ်တွေကို လျှော်ဖို့ရေစိမ်တော့ Hoseok ရဲ့ရှပ်အင်္ကျီမှာ နှုတ်ခမ်းနီရာတွေ့ခဲ့တယ်...။ အရင်စိတ်နဲ့ဆို ပေါက်ကွဲသောင်းကျန်းပြီးပြီဖြစ်ပေမယ့် ကလေးဆုံးရှုံးထားတဲ့စိတ်ကြောင့် ပြဿနာမရှာတော့ဘဲ လက်ပူးလက်ကြပ်မိဖို့သာ စောင့်ကြည့်နေမိတယ်...။

Change (Completed) Where stories live. Discover now