XIX

2.1K 330 74
                                    

(Zawgyi)

စိတ်မပါပေမယ့်လည်း Dinner party က မဖြစ်မနေတက်ရမှာမို့ Taehyung လည်း ဟန်ဆောင်အပြုံးတုကိုဆင်မြန်းပြီး ထွက်လာခဲ့ရတယ်...။

ပွဲထဲရောက်တော့ Jihye Noona ကလည်း ရောက်နေပြီမို့ သူမနဲ့သာ အဖော်လုပ်ဖြစ်တယ်...။ ဘာပဲပြောပြော သူမနဲ့က လူသိရှင်ကြားတွဲနေကြတာကိုး...။ Jimin ကတော့ မလှမ်းမကမ်းကနေ သူတို့ကိုလှမ်းလှမ်းကြည့်လို့ပေါ့...။

"Taehyungie က ဒီနေ့တော်တော်လေး ကြည့်ကောင်းနေတာပဲ"

"ကျေးဇူးပါ... Noona လည်း အရမ်းလှနေတယ်"

သူမကို ဝတ်ကြေတန်းကြေပြန်ချီးကျူးလိုက်ပြီးနောက် လက်ထဲမှာရှိတဲ့ဝိုင်ခွက်ကို တစ်ငုံမော့သောက်လိုက်တယ်...။ စိတ်အခြေအနေက သိပ်မကောင်းလှတာကြောင့် ပွဲအမြန်ပြီးကာ အိမ်ပြန်ရဖို့ပဲမျှော်လင့်နေမိတယ်...။ အနုပညာရှင်အသိုင်းအဝိုင်းမှ ဟန်ဆောင်မျက်နှာဖုံးများကို ပြန်လည်ရယ်မောနှုတ်ဆက်ရတာလည်း ပင်ပန်းလွန်းလှပြီ...။ ဒီလိုစိတ်ရှုပ်ရမယ်မှန်းသိရင် ဒီလောကထဲကို ဝင်လာမိမှာမဟုတ်...။ တစ်ယောက်သောသူကြောင့်သာ မျက်စိစုံမှိတ်ကာ ရောက်လာခဲ့ခြင်းဖြစ်တယ်...။

"Noona ဟိုဘက်မှာ စကားသွားပြောလိုက်ဦးမယ်နော်"

အသိပေးလာတဲ့သူမကို Taehyung လည်း ခေါင်းညိတ်ပြလိုက်ပြီး ဝိုင်ကိုသာ တကျိုက်ချင်းသောက်နေလိုက်တယ်...။ ရုတ်တရတ် သူ့မျက်ဝန်းအကြည့်က ထောင့်ကျကျစားပွဲဝိုင်းတစ်ခုမှာထိုင်နေတဲ့ Yoongi Hyung ကို တွေ့လိုက်ရတာကြောင့် အံ့ဩသွားတယ်...။ ဟော သေချာကြည့်မှ Yoongi Hyung ဘေးမှာထိုင်နေတာက Jimin ပဲ...။ အတူတူထိုင်နေပုံထောက်တော့ သူတို့ပြန်အဆင်ပြေသွားကြပြီထင်ပါရဲ့...။

ဒါနဲ့ နေပါဦး...။ Yoongi Hyung က Hoseok ရဲ့မန်နေဂျာဆိုတော့ ဒီပွဲမှာ Hoseok ပါရှိနေခဲ့တာလား...?? အတွေးနဲ့အတူ ပွဲထဲကိုမျက်စိကစားကြည့်တော့ အမျိုးသမီးတစ်ယောက်နဲ့ ရယ်မောစကားပြောနေတဲ့ Hoseok ကိုတွေ့လိုက်ရတယ်...။ ထိုအမျိုးသမီးကို တခါမှမမြင်ဖူးပေမယ့် ကြည့်ရတာအထက်တန်းလွှာကပဲ ဖြစ်ပုံရပါတယ်...။

ကြည့်နေရင်းနဲ့ပင် သူမက Hoseok ရဲ့နားကို ပိုတိုးကပ်ကာ တစ်ခုခုကိုတီးတိုးပြောတယ်...။ Hoseok ကလည်း အံ့ဩသွားဟန်နဲ့ သူမကိုပြန်ကြည့်ရင်း တစ်ခုခုပြန်ပြောနေပြန်တယ်...။ Hoseok ကို တခြားဘယ်သူနဲ့မှ တွဲပြီးမမြင်လိုတဲ့စိတ်က Taehyung ကို ဆင်ခြေတုံ့တရားနည်းပါးစေတယ်...။ ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ခင်မှာပင် သူတို့နားကိုလျှောက်သွားလိုက်တယ်...။

Change (Completed) Where stories live. Discover now