XVIII

1.9K 348 62
                                    

(Zawgyi)

"ကဲ... ရှင်းစမ်းပါဦး မနေ့ကကိစ္စ"

လူကို တရားခံစစ်သလိုလာမေးနေတဲ့ Jimin ကို Taehyung အရင်ဆုံးမျက်နှာချိုသွေးလိုက်ရတယ်...။ မနေ့ကအဖြစ်အပျက်ကြောင့် Jimin သေချာပေါက် အထင်လွဲသွားမှာပါ...။ သူ့ကိုစိတ်ဆိုးပြီးထွက်သွားတာ တော်တော်လေးနောက်ကျမှ ပြန်ရောက်လာတယ်လေ...။ ပြီးတော့ အရက်လည်းသောက်လာသေးတယ်...။

ခုမနက်ကျတော့မှ မအီမသာဖြစ်နေလေတော့ Taehyung ကပဲ ပြန်ပြုစုပေးနေရင်း နည်းနည်းလေးသက်သာသွားတာနဲ့ မေးခွန်းထုတ်တော့တာပဲ...။

"ငါတို့က ဒီတိုင်းစကားပြောနေတာပါကွာ... မင်းက နောက်ကနေမြင်လိုက်ရလို့ အထင်လွဲသွားတာပါ"

"နမ်းနေကြတာမဟုတ်ဘူးလား...??"

"နမ်းစရာလား... ခင်ပွန်းဟောင်းနဲ့နမ်းရအောင် ငါကအရူးလား...??"

ငြင်းနေပေမယ့်လည်း မျက်နှာကမူမမှန်လေတော့ Jimin ရဲ့မျက်လုံးတွေကိုတောင် စေ့စေ့မကြည့်ရဲရှာပေ...။

"လိမ်မနေပါနဲ့... ငါတို့ကြားထဲမှာ လျို့ဝှက်ချက်ရှိသေးလို့လား...?? ငါက နှုတ်လုံတဲ့သူမို့လို့ မင်းရင်ထဲမှာရှိတာတွေအကုန် ငါ့ကိုပြောပြလို့ရတယ်"

ထိုအခါ Taehyung မျက်နှာငယ်လေးနဲ့ Jimin ကိုပြန်ကြည့်လာတယ်...။ သူသိတာပေါ့... Jimin က သူ့အပေါ်ဘယ်လောက်တောင်မှ အနွံတာခံလဲဆိုတာ...။

"ငါလည်း ငါ့ကိုယ်ငါ ဘာတွေလုပ်နေမိမှန်းကို မသိတော့ပါဘူးကွာ... အရင်က ရန်ဖြစ်နေတော့လည်း အကောင်းသားပဲ... ခုကျတော့ သူ့အနားရောက်တိုင်း ငါဘာတွေလုပ်နေမိမှန်းကိုမသိတာ"

"မင်းသူ့ကို ခုထိသံယောဇဉ်မပြတ်သေးတာမလား"

Jimin ရဲ့အမေးကြောင့် Taehyung သက်ပြင်းချမိတယ်...။

"အဲလိုပဲပြောရမလား... ဒါပေမဲ့ ဇာတ်လမ်းပြန်စချင်လို့တော့ မဟုတ်ဘူးနော်... ငါတို့ရဲ့ရင်နာစရာအတိတ်ကို ပြန်သတိမရချင်ဘူး... ပြီးတော့ အဲလိုပြန်ဖြစ်မှာကိုလည်း ကြောက်တယ်"

"ဒါဆိုဘာလို့သူနဲ့ဆက်ပြီး ပတ်သတ်နေတာလဲ... ဝေးနေလက်စနဲ့ ဝေးဝေးပဲနေလိုက်ပါတော့လား"

Change (Completed) Where stories live. Discover now