XII

2K 318 73
                                    

(Zawgyi)

Taehyung မှန်ထဲက သူ့ရုပ်ကိုသူ ပြန်ကြည့်နေမိတယ်...။ အရင်က တအားချောပြီး ချစ်တဲ့ခင်တဲ့သူတွေ ဝိုင်းဝိုင်းလည်နေတဲ့ Kim Taehyung ဟာ အခုကျတော့ အိမ်နေရင်းအဝတ်အစားဖရိုဖရဲနဲ့ ဆံပင်တွေကလည်းရှုပ်ပွရင်း ကြည့်ရဆိုးနေလေပြီ...။

အိမ်မှာပဲအိပ်လိုက်စားလိုက်နဲ့မို့ လူက သိသိသာသာဝလာကာ ဗိုက်ကလည်းတော်တော်စူထွက်နေလေပြီ...။ ယောက်ျားရပြီးကတည်းက အရင်လိုမျိုးအလှအပအတွက် မျက်နှာပေါင်းတင်တာမျိုး skincare လုပ်တာမျိုးကို မလုပ်ဖြစ်တော့တာကြောင့် ကိုယ့်မျက်နှာကိုယ် မကြည့်ချင်တော့အောင် စိတ်ပျက်နေမိလေသည်...။

Hoseok ကတော့ ဘယ်လိုနေနေချစ်ပြီးသားလို့ ပြောနေပေမယ့်လည်း တဖြည်းဖြည်းနဲ့ရုပ်ဆိုးလာတဲ့ကိုယ့်ကိုကိုယ် Taehyung စိတ်ပျက်မိတယ်...။ သူငယ်ချင်းတွေကပြောတယ်...။ အိမ်ထောင်သည်ဘဝမှာ အမျိုးသမီးကိုယ်ဝန်ဆောင်နေချိန်မှာ အမျိုးသားတွေက သူတို့ရဲ့ဆန္ဒကိုဖြေဖျောက်ဖို့အတွက် ဖောက်ပြန်တတ်ကြတယ်တဲ့လေ...။ အဲလိုမဖြစ်စေဖို့အတွက် Taehyung အရင်က နေ့တိုင်းပဲ Hoseok နဲ့အတူနေဖြစ်ပေမယ့် အခုတော့ဆရာဝန်က အတူမနေသင့်ကြောင်း ပြောလာပြီလေ...။

Taehyung ကြောက်နေမိတာက သူကရုပ်ဆိုးလာတဲ့အပြင် သာယာမှုလည်း မပေးနိုင်တော့တာကြောင့် Hoseok အသစ်တွေ့သွားမှာကိုပင်...။ သူက ဘယ်လိုပဲချစ်ပါတယ်ပြောပြော လူဆိုတာက သွေးသားဆန္ဒနဲ့ပတ်သတ်ရင် ဖောက်ပြန်တတ်တဲ့အမျိုးလေ...။

Hoseok ကို တစ်ယောက်တည်းကျောင်းဆက်တက်ခိုင်းမိတာကိုတောင် နောင်တရချင်မိတယ်...။ Hoseok က ဖော်ရွေတတ်သူမို့ သူငယ်ချင်းအပေါင်းအသင်းလည်း ပေါများတယ်လေ...။ မမြင်ကွယ်ရာမှာ မဖြစ်သင့်တာတွေဖြစ်ကုန်ပြီး ကိုယ့်ကိုဗိုက်တစ်လုံးနဲ့ထားခဲ့မှ ရင်ကျိုးရချည်ရဲ့...။

"ကိုယ့်အချစ်ရေ... ဘာတွေလျှောက်တွေးနေလို့ မျက်နှာကအမျိုးမျိုးပြောင်းနေတာလဲကွ"

ကျောင်းသွားဖို့အတွက်ပြင်ဆင်နေတဲ့ Hoseok က မှန်ရှေ့မှာမတ်တပ်ရပ်ရင်း အတွေးပျံ့လွင့်နေဟန်ရှိတဲ့ Taehyung ကို လှမ်းမေးလိုက်တယ်...။ ထိုအခါမှ Taehyung တစ်ယောက် သက်ပြင်းချရင်း အိပ်ယာပေါ်ကိုဘုန်းခနဲထိုင်ချလိုက်တယ်...။ Hoseok မှာတော့ ဗိုက်ထဲကပေါက်စကိုစိုးရိမ်သွားပြီး လှမ်းပြောချင်ပေမယ့်လည်း အဲလိုသတိပေးတိုင်း သူသိပါတယ်ဆိုပြီး ရန်ပြန်တွေ့တတ်တာကြောင့် မပြောဖြစ်တော့ပေ...။

Change (Completed) Where stories live. Discover now