Chapter 1

1.7K 76 0
                                    

(Unicode)

အနောက်တောင်လေတွေက ပြင်းထန်စွာ တိုက်ခတ်နေကာ
ကောင်းကင်ပေါ်က လျှပ်စီးလျှပ်နွယ်တို့ကလည်း တလက်လက်တောက်ပနေသည် မိုးရေစက်တို့ကလည်း
သည်းထန်စွာ ရွာသွန်းနေပြီး လေပြင်းများ တစ်ချက်အဝှေ့၌
သစ်ကိုင်းများ သစ်ပင်များသည်လည်း လှုပ်ယမ်းနေကြ၏

အချိန်ကား မနက် ၁ နာရီခန့်

လမ်းမီးတိုင်ရောင် ပျပျလေး ထွန်းထားသော လမ်းမတစ်ခုအထက်၌ မိန်းမပျိူလေးတစ်ယောက်
ထိတ်လန့်တကြားနှင့် ထွက်ပြေးလာနေသည်
ခနွာကိုယ်မှာလည်း ဒဏ်ရာဒဏ်ချက်အပြည့်နှင့်
အကြာကြီး ပြေးလာခဲ့ရသည်အလား တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့ မောဟိုက်နေသည်

"ကူညီကြပါ ကျေးဇူးပြုပြီး တစ်ယောက်ယောက်လောက် ကယ်တင်ပေးကြပါဦး "

အပ်ကျသံလေးမျှပင် မကြားရလောက်အောင် တိတ်ဆိတ်မှုအပေါင်း မင်းမူနေသော မြို့အလယ်တွင် သူမ၏ အသံက ဟိန်း၍ ထွက်ပေါ်နေသည်
မြို့တစ်ခုလုံးတွင်လည်း လူရိပ်လူယောင် မ​ပြောနှင့် ခွေးတစ်ကောင် ​ကြောင်တစ်မြီးမျှပင် မရှိ!
သူမ ပြေးနေရင်းမှ ရုတ်တရက် ရပ်လိုက်ကာ မိုးမျှော်တိုက်တစ်ခု၏ အနောက်နံရံနားတွင် ဝင်ပုန်းနေလိုက်သည်
တိတ်ဆိတ်နေသော အမှောင်ထုထဲ၌ သူမ၏ နှလုံးခုန်သံကလည်း ကျယ်လောင်စွာ မြည်ဟီးနေ၏
တဖြေးဖြေးနဲ့ ခြေသံတွေက သူမအနား ပိုကျယ်လာသလို
ခံစားလာရသောကြောင့် ဘာကိုမှ ထပ်​တွေးမနေဘဲ
မျက်လုံးကိုသာ စုံမှိတ်ထားလိုက်​တော့သည်
ထို့နောက်........................................................

About 6 years ago ( လွန်ခဲ့သော ၆ နှစ်ခန့်က )

"Leon ! !!!!!!"

"Leon ! !!!! ထတော့လေ
မနက် ၇ နာရီထိုးနေပီ သား ကျောင်းသွားရဦးမယ်မလား"

"ဟုတ်ကဲ့ပါ အမေ ကျတော်နိုးနေပါပြီ
ခဏနေ ဆင်းလာခဲ့မယ် "

မနက်ခင်းတစ်ခုကတော့ အစပြုချေပြီ
leon တစ်ယောက် ကုတင်ပေါ်မှ ထကာ အိပ်ရာကို သိမ်းလိုက်သည် ထို့နောက် ပြတင်းပေါက်မှနေတစ်ဆင့်
နံနက်ခင်းရဲ့ အလှကို အကြောင်းမရှိ ငေးမော့ကြည့်နေမိကာ ရောက်တတ်ရာရာ လျှောက်တွေးနေမိသည်

Drifting Into Silent Darkness S.1 (Completed)Où les histoires vivent. Découvrez maintenant