Chapter 4

219 31 9
                                    

(Unicode)
*********

Leon လည်း ထိုကောင်လေးနား တဖြည်းဖြည်း ကပ်သွားလိုက်ပြီး သူ့ဘေးမှာ ဝင်ထိုင်လိုက်တယ်

"ဟေး! "

တစ်ဖက်က ဘာတစ်ခွန်းမှ ပြန်မပြောချေ

"ဟေး! ပထမဆုံးအနေနဲ့ တွေ့ရတာ ဝမ်းသာပါတယ်
ဒါနဲ့​လေ အခု ငါ့စိတ်ထဲမှာ တစ်ခုခု မတင်မကျဖြစ်နေလို့ ဒီဟာက ငါ အိပ်မက်မက်နေတာမလား "

"အဟက် ဟုတ်ချင်လည်းဟုတ်မှာပေါ့ "

ဟု ဆိုကာ ထိုင်နေရာက ထသွားပြီး တစ်နေရာသို့ တန်းတန်းမတ်မတ် လမ်းလျှောက်သွားသည်

"အား !!! မဟုတ်သေးဘူး leon ဒါက အိပ်မက်မက်နေတာ အဖိုးရဲ့ ထူးဆန်းတဲ့စာတွေဖတ်ပြီး
စိတ်ထဲစွဲနေတာ! ငါ ဒီအိပ်မက်ကနေ နိုးမှ ဖြစ်မယ်
အာ ငါ့ကိုယ်ငါ ဘယ်လိုနှိုးရပါ့မလဲ !
ဟိုတစ်ကောင်ကလည်း မြန်လိုက်တာဆိုတာ! သူ့ကို ကူညီခိုင်းမှပဲ ဖြစ်တော့မယ်ထင်တယ် "

ပန်းပင်တွေဝေဝေဆါဆာစိုက်ပျိူးထားတဲ့ ရောင်စုံပန်းခင်းကြီးအလယ်၌ ကောင်လေးတစ်ယောက်
ပန်းပင်လေးများအား လက်ဖြင့်သပ်ကာ သီချင်းလေးညည်းနေလေသည်

ထိုစဥ်

"ဟောဟဲ ဟောဟဲ "

အဝေးကြီး ပြေးလာရသဖြင့် မောဟိုက်နေသော လီယွန်အား
မော့ကြည့်လိုက်ပြီး

"မင်း ဘာလို့ ငါ့နောက်လိုက်လာတာလဲ "

"ငါ့ကို သတ်ပေးပါ ! "

"ဟမ်! !!(နားမလည်နိုင်သော အကြည့်ဖြင့်) "

"​ပြောနေတာ မကြားဘူးလား ငါ့ကို သတ်ပေးလို့
ငါ ဒီအိပ်မက်က နိုးထလာဖို့လိုတယ် "

"Hkhk !! မင်းကို သတ်လိုက်တာနဲ့ အိပ်မက်က
နိုးလာမယ်လို့ ဘယ်သူပြောလို့တုန်း "

"သာမန်အားဖြင့် အိပ်မက်တွေမှာက အထိတ်တလန့်ဖြစ်တဲ့
အချိန်တွေဆို လန့်နိုးလာတတ်ကြတယ်လေ
အဲ့တာကြောင့် တကယ်လို့ မင်းသာ ငါ့ကို သတ်ဖို့ကြိုးစားမယ်ဆိုရင် ငါ့ရဲ့ကြောက်စိတ်ကြောင့်
အိပ်မက်က နိုးလာနိုင်မလားလို့ "

"Hkhk ! ! အဲ့တာဆိုရင်တော့ မင်း တခြားတစ်ယောက်ကို သွားရှာလိုက်တာ ပိုကောင်းလိမ့်မယ် "

Drifting Into Silent Darkness S.1 (Completed)Where stories live. Discover now