Chapter 8

140 21 1
                                    

(Unicode)
*********
တိမ်တိုက်များကင်းစင်နေလျက်ရှိသော ကောင်းကင်ပြာကြီး
ရဲ့အောက်တွင် စိမ်းစိုနေသော မြက်ခင်းပြင်ကြီးက
နေရာ ယူထားသည်

​မြက်ခင်းပေါ်တွင်လည်း အနားရှိ သစ်ပင်ကြီးများမှ
သစ်ရွက်ခြောက်တွေ ကြွေကျနေလျက်ရှိပြီး လေ​ပြေလေညှင်းလေး ကလည်း တဖြူးဖြူး နှင့် တိုက်ခတ်နေ ပေ​သည်

ထိုမြက်ခင်းပြင်ကြီး၏ တစ်နေရာရှိ သစ်ရွက်ခြောက်များဖုံးနေသည့် ဂူဗိမာန်တစ်ခုအတွင်းတွင်
တော့ လူတစ်ယောက် ထာဝရ အိပ်စက်အနားယူနေသည်

မျက်စိတစ်ဖျတ်အတွင်းမှာပင် လက်ဖျောက်တီးသံတစ်ချက်
နှင့်အတူ အသက် 13 နှစ်အရွယ် ကလေး နှစ်ယောက်
ရောက်ရှိလာလေပြီး သူတို့ထဲမှ တစ်ယောက်က

"ဒီနေရာက ငါစိတ်တွေ အရမ်းမွန်းကျပ်လာတဲ့ အချိန်တွေမှာ
လာနေကျနေရာပဲ
ဒီနေရာက ငါ့အမေ ထာဝရလဲလျောင်းရာနေရာလေးပေါ့
ငါ့အတွက်တော့ ငါ့အမေက တစ်ယောက်တည်းသော ငါ့ရဲ့
ခံစားချက်တွေကို နားထောင်ပေးတဲ့သူပဲကွ
ငါ့အမေကလွဲပြီး တခြားဘယ်သူကမှ ငါ့ ခံစားချက်တွေကို နားလည်မပေးခဲ့ကြဘူး ငါ အရမ်းလိုချင်နေခဲ့တဲ့ ချစ်ခြင်း
မေတ္တာတွေကိုလည်း မပေးခဲ့ကြဘူး
အမေဆုံးပြီးနောက်ပိုင်းကစပြီး အဖေရော အကိုရော
သူတို့ အလုပ်နဲ့ သူတို့ ရှုပ်နေခဲ့ကြတော့တာ
အဖေဆိုရင်လည်း အမြဲတမ်း ညဥ့်နက်မှ အိမ်ပြန်ပြန်လာတယ်
ကျောင်းမှာကျတော့လည်း ငါ့အတွက် တကယ့်သူငယ်ချင်းအစစ် ဆိုတာ မရှိခဲ့ဘူး
အကုန်လုံးက ငါ့ရဲ့ ဂုဏ်ပကာသနတွေကို မက်လို့
တွယ်ကပ်နေကြတဲ့ဟာတွေကြီးပဲ
တကယ်လို့ ငါ့အမေသာ ရှိနေခဲ့ရင် ငါဘယ်လောက်ပဲ
စိတ်ညစ် စိတ်ညစ် သူက ငါ့ကို အမြဲတမ်း ပျော်အောင်
လုပ်ပေးတယ်..........
အဲ့တာကြောင့် ငါ စိတ်ညစ်လာတဲ့အချိန်တိုင်း ဘယ်သူကမှ
ငါ့ကို နားလည်မ​ပေးနိုင်တော့တဲ့အချိန်တိုင်းမှာ ငါ ဒီကို
အမြဲလာပြီး ငါ့ရဲ့ အခက်အခဲတွေ ပြသာနာတွေအားလုံးကို ပြောပြတယ်
သူ ငါ့ရဲ့စကားသံတွေကို.......... ဘယ်တော့မှ..........
မကြားနိုင်တော့မှန်း..........သိနေတာတောင်မှ ငါ သူ့ကို..........အမြဲတမ်း ပြောပြမိနေတုန်းပဲ...(ငိုရှိုက်သံဖြင့်) "

Drifting Into Silent Darkness S.1 (Completed)Where stories live. Discover now