Chapter 11

112 19 0
                                    

(Unicode)

အမှောင်ထု!

မျက်လုံးများစဖွင့်လိုက်သည်နှင့်ကို ပထမဆုံး မြင်တွေ့လိုက်ရသည်မှာ မှောင်အတိကျနေသော ပတ်ဝန်းကျင်ပင်ဖြစ်သည်

တစ်ကိုယ်လုံးလည်း ကိုင်ပေါက်ခံထားရသလိုပင် အားမရှိဖြစ်နေကာ ခေါင်းများလည်း အလွန်တရာကိုက်ခဲနာကျင်နေသည့်အပြင် ရေငတ်၍ နှုတ်ခမ်းများပင် ခြောက်သွေ့နေ၏

မရှိမဲ့ရှိမဲ့ အားလေးနှင့် ကြမ်းပြင်ကို လက်ထောက်ကာ အားယူပြီး ပိတ်ထားသော အခန်းတံခါးနားသို့ သွား၍ တံခါးကို ဆွဲဖွင့်ရန် ကြိုးစားပါသော်လည်း တံခါးက နည်းနည်း လေးမျှပင် ဟမလာ

လော့ချထားသည်ထင်၏.

ထို့ကြောင့် တံခါးကို ဖွင့်နေရာမှ လက်လျှော့လိုက်ပြီး ကြမ်းပြင်ပေါ် ထိုင်ချလိုက်ကာ စိတ်ထဲတွင်လည်း ဟိုတွေးဒီတွေး လျှောက် တွေးနေမိသည်

သူ့အတွေးတွေထဲ ပထမဦးဆုံး ဝင်​ရောက်လာသည်က Jake!
အခုချိန် Jake ဘယ်မှာများ ရှိနေသလဲ? သူ အဆင်မှ ပြေရဲ့လား?

" La La La La! !!!! 🎹🎹🎹🎹 (piano တီးသံ) "

ရုတ်တရက် piano သံကြားလိုက်ရသောကြောင့် သူ့၏ အတွေးစများပင် ပြတ်တောက်သွားပြီး အသံလာရာကို လိုက်ရှာနေမိသည်

ထိုသို့ လိုက်ရှာနေစဥ်မှာပင် Leon ၏ ညာဖက်ထောင့်ရှိ ဗီရိုကြီးနား နီးလာလေ အသံ​​​ တွေက ပိုကျယ်လာလေ ဖြစ်၍ ထို ဗီရိုကြီးရှေ့ ရပ်လိုက်ပြီး တံခါးကို ဆွဲဖွင့်လိုက်ရာ

"Ahhhhhh! !!!!!!!
အဟွတ် အဟွတ် !!! "

ရုတ်တရက်ထွက်ပေါ်လာသော လင်းနို့များနှင့် ဖုန်ငွေ့များကြောင့်
အသံထွက်အောင် အော်လိုက်မိသည်

ထို့နောက် မျက်လုံးများအား ပြန်ဖွင့်ကြည့်လိုက်ရာ ဗီရို၏ အောက်​ခြေနားတွင် တံခါးပေါက်သေးသေးလေးတစ်ခုအား တွေ့မြင်လိုက်ရတော့သည်

-------------------------

"Leon! Leon! Leonnnn! !!!!!!!!"

"ဟောဟဲ ဟောဟဲ "

ကော်ရစ်တာတစ်လျှောက်လုံး leon ကို လိုက်ရှာနေပါသော်လည်း
အခုထိ မတွေ့သေးချေ

Drifting Into Silent Darkness S.1 (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ