Chapter 5

185 24 3
                                    

(Unicode)
*********
" ဟေး leon! မင်း အဆင်ပြေရဲ့လားဟ
မင်းကြည့်ရတာလည်း ဖြူဖတ်ဖြူရော့နဲ့ မျက်ကွင်းတွေလည်းညိုလို့
ညက တစ်ညလုံး မအိပ်ရ​သေးဘူးလား "

"အေးကွာ ညက အိပ်မက်ဆိုးတွေမက်နေတာနဲ့ ကောင်းကောင်းမအိပ်ရသေးဘူး
ဒါနဲ့လေ christoff မင်း ဝိညာဥ်လွှင့်ခြင်း ဆိုတာကို
ယုံလား ! "

" အမ် ဆိုင်းမဆင့် ဗုံမဆင့်ကြီးပါလား ဘာလို့မေးတာတုန်းဟ "

" ဒီလိုပါပဲ သိချင်တာလေး ရှိလို့ "

" အင်း ယုံတာရယ်လို့လည်း မဟုတ်ပါဘူး
ဒါပေမဲ့ တစ်ချိူ့အရာတွေက ငါတို့ ဦးနှောက်နဲ့ လက်လှမ်းမမှီနိုင်တဲ့ နေရာတွေမှာ ရှိနေတတ်တယ်လေ
ဥပမာအားဖြင့် သဘာဝလွန်ဖြစ်ရပ်တွေပေါ့
သုတေသနပညာရှင်တွေလည်း ကြိုးစားပြီး အမှန်တရားကို ရှာဖွေနေကြပေမယ့် ဒီလိုကိစွတွေကို
တကယ် လုံးဝကြီး ရှိ​နေပါတယ်လို့လည်း သက်သေမပြနိုင်သေးတော့ အခုထိ ဖြေရှင်းမရတဲ့
ပဟေဠိ တွေအဖြစ် ကျန်ရှိနေကြတာပေါ့
အဲ့ထဲမှာ မင်းပြောတဲ့ ဝိညာဥ်လွှင့်ခြင်းကလည်း တစ်ခုအပါအဝင်ပဲ "

" အော်........... ok ကျေးဇူးပါပဲ christoff "

"အချိန်မရွေးပါပဲကွာ! "

ကျောင်းခန်းထဲမှာလည်း ဆရာမစာသင်နေပေမယ့်
Leon ရဲ့ စိတ်ကတော့ တခြားနေရာသို့ရောက်နေလေသည်

သူမြင်ဖူးခဲ့သမျှ တခြားသူတွေနဲ့ လုံးဝမတူတဲ့ အဲ့ဒီ မှော်ဝင်တဲ့ အကြည့်တွေ
စကားပြောရင် တစ်ဖက်သူကို ရွဲ့သလိုလို စောင်းသလိုလိုနဲ့
မထီမဲ့မြင် ပြောတတ်တဲ့ သူ့ရဲ့ စကားသံလေးတွေ
ပိုးသား​လေးအတိုင်းနီးပါး နူးညံ့သိမ်​မွေ့လှတဲ့ သူ့ရဲ့ ပန်းနုရောင်သန်းနေတဲ့ လက်ကလေးတွေ

"အိပ်မက်တစ်ခုဆိုပေမယ့် မင်းနဲ့ တကယ်ကို ပြန်ဆုံတွေ့ချင်သေးတယ် ကောင်လေးရေ "

"Mr.Willkinson
Mr.Willkinsonnnn! !!!!"

ဆရာမရဲ့ အသံကြောင့် leon ၏ အတွေးစများပင် ရပ်တန့်သွားရသည်

" ဗျာ! ကျတော့်ကို ခေါ်လိုက်တာလား ဆရာမ "

"အေး စာသင်​ချိန်မှာ ပြတင်းပေါက်ကို ငေးပြီး ဘာတွေ
တွေးနေတာတုန်း Mr.Willkinson "

Drifting Into Silent Darkness S.1 (Completed)Where stories live. Discover now