Chapter 7

148 20 8
                                    

(Unicode)
**********
Japan
5:00 PM
--------------
Leon သည်လည်း ဂျပန်နိုင်ငံ ၏လူစည်ကား၍ လှပလှသော စျေးတန်းတွေကြား ဟိုကြည့် ဒီကြည့်နှင့် လျှောက်သွားနေမိသည်

သူရဲ့ စိတ်ထဲမှာတော့ "ငါ ဘယ်ရောက်နေတာလဲ "ဆိုတဲ့
မေးခွန်းက နေရာယူထားလေသည်

တွေ့သမျှ လူတွေတိုင်းကို လိုက်မေးကြည့်​ပြန်တော့လည်း ဘယ်သူ့မှ သူပြောတာကို မကြား

သူ့ကိုပင် မမြင်ချင်ယောင်ဆောင်သွားကြသေးသည်

လူလည်း တော်တော်ကို ရူးချင်နေပြီဖြစ်ကာ စိတ်တွေလည်းရှုပ်နေပြီး ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်နေချိန်မှာတင်

"ဟေ့ ကြွှက်စုတ်လေး! လမ်းပျောက်နေတာလား :") "

ရုတ်တရက်ကြားလိုက်ရသော အသံကြောင့် သူ့၏ စိတ်ရှုပ် နေသော အတွေးများပင် ချက်ချင်း ရပ်တန့်သွားပြီး
သူ၏ မျက်လုံးများသည်လည်း ပြူးကျယ်ဝိုင်းစက်သွားလေသည်

ဒီအသံက ဘယ်လိုနည်းနဲ့မှ မမှားနိုင် ! ဒီရက်ပိုင်းအတွင်း
သူ့ရဲ့ စိတ်နှလုံးသားကို သိမ်းပိုက်ထားပါသော...သူ့အား ဘယ်အရာကိုမျှ ကောင်းကောင်းအာရုံမစိုက်နိုင်အောင် အရူးတစ်ပိုင်းဖြစ်လုနီးပါး ဖြစ်အောင် လုပ်ခဲ့ပါသော ထိုသူ၏ အသံပင် ဖြစ်သည်

အံသြခြင်းတို့နှင့်အတူ နောက်သို့လှည့်ကြည့်လိုက်ကာ
နာမည်တစ်ခုကိုလည်း ရေရွတ်လိုက်သည်

"Jake! "

"Hkhk! အဲ့နေ့ပြီးကထဲက မင်းကို ပြန်တွေ့ရမယ်လို့တောင်
လုံးဝ မထင်ထားမိဘူး "

ထို့နောက် jake သည်လည်း leon အနားသို့ တဖြည်းဖြည်း လမ်းလျှောက်လာပြီး

"ငါတို့ တစ်နေရာရာ သွားကြရင် ပိုကောင်းမယ်ထင်တယ် "

"ဖျောက် (လက်ဖျောက်တီးသံ !)

-----------------------------------------------------------
Tokyo tower
---------------------
အထပ်ပေါင်းမြောက်များစွာနှင့် အလွန်မြင့်လှပြီး မြို့တစ်ခုလုံးကို အပေါ်စီးကပင် လှမ်းမြင်နိုင်သော  tokyo tower ကြီးပေါ်သို့ ရုတ်တရက် ရောက်ရှိသွားသောကြောင့် leon တစ်ယောက် ပါးစပ်အဟောင်းသားနှင့် အံ့သြနေမိသည်

Drifting Into Silent Darkness S.1 (Completed)Tahanan ng mga kuwento. Tumuklas ngayon