Chapter 3

223 32 1
                                    

(Unicode)

Uhh!!!!!

Leon တစ်ယောက် မယုံကြည်နိုင်သော မျက်လုံးများနဲ့
စာအုပ်ကို ကြည့်ပြီး အချိန်အတော်ကြာတွေးနေမိတယ်

"ဘာလို့ အဖိုးနာမည်က ငါ့နာမည်နဲ့ တထေရာထဲ လာတူနေတာပါလိမ့်!
First name တူတယ်ဆိုလည်း ထားပါတော့ အခုက
အလယ် နာမည်က အစ တူနေရတယ်လို့ "

ထို့နောက် ပျံ့လွင့်နေတဲ့ စိတ်အာရုံတွေကို ပြန်လည်စုစည်းလိုက်ပြီး စာအုပ်ရဲ့ ပထမဆုံး စာမျက်နှာကို စလှန်ကြည့်လိုက်ရာ
______________________________________

23.4.1988

အဲ့နေ့က မိုးတွေ အရမ်းရွာနေခဲ့တယ်
အရင်နေ့တွေနဲ့မတူဘဲ ကောင်းကင်က မှောင်မိုက်ပြီး
မိုးသားတိမ်လိပ်တွေအပြည့်
မိုးခြိမ်းသံတွေကလည်း တစ်ဂျိန်းဂျိန်းနဲ့ကို မြည်ဟီးနေတော့တာ
အချိန်က ညနေ 3 နာရီလောက်ပဲ ရှိသေးပေမယ့် ညရောက်နေတဲ့အတိုင်း အမှောင်ထုက လောကတစ်ခွင်ကို
အုပ်မိုးထားတယ်
ကျတော်မှတ်မိရသလောက်တော့ အဲ့နေ့က ကျတော်အိမ်ကို
စောစောပြန်လာခဲ့တယ်ထင်တာပဲ
မိုးရေတွေစိုရွှဲပြီး အိမ်​ပြန်ရောက်လာတဲ့ချိန် အဖေနဲ့အမေက
မိုးလေဝသသတင်းတွေ ကြည့်နေကြတယ်
သတင်းတွေအရတော့ ဒီနေ့ မုန်တိုင်း ရှိမယ်ဆိုပဲ
အဲ့နောက်
ရေမိုးချိူးပြီး ရေစိုနေတဲ့ ဆံပင်တွေကို တဘက်နဲ့ သုတ်ပြီးတော့ အိပ်ရာပေါ်ပစ်လှဲလိုက်တယ်
မိုးမိလာလို့လားတော့မသိ တစ်ကိုယ်လုံး နုံးချိချိနဲ့
ဘာကိုမှလည်း လုပ်ချင်ကိုင်ချင်စိတ်မရှိတော့!
အော် မဖြစ်​သေးပါဘူး ဆေးသောက်ထားဦးမှပါပဲ
ဆိုပြီး ဆေးဘူးကို လှမ်းယူဖို့ စင်ပေါ်ကြည့်လိုက်တော့
ဆေးဘူးက မရှိ!
အာ ချီးပဲ ! စိတ်ညစ်ညစ်နဲ့ပဲ ကုတင်ပေါ်ပြန်လှဲနေလိုက်တယ်
အဲ့နောက်မှာတော့ ကျတော့်ဘဝကို ပြောင်းလဲသွားစေ
နိုင်လောက်တဲ့ အရာနဲ့ ကြုံရတော့တာပါပဲ
ပင်ပန်းနွမ်းနယ်နေမှုကြောင့်လားမသိ ကုတင်ပေါ်လှဲချ
လိုက်တာနဲ့ မျက်ခွံတွေက တဖြေးဖြေးလေးလာခဲ့တယ်
အဲ့လိုနဲ့ပဲ ကျတော့်မျက်လုံးတွေကို ပြန်ဖွင့်လိုက်ချိန်မှာတော့
တစ်ခါမှ မခံစားဖူးတဲ့ ခံစားချက်မျိူးကို ရခဲ့တော့တာပဲ
ရုတ်တရက်ဆိုသလို ဘာနာကျင်မှု ဘာ ပင်ပန်းမှုကိုမှ
မခံစားရတော့ဘဲ တစ်ကိုယ်လုံးပေါ့ပြီး လေထဲမြောက်တက်နေသလိုမျိူးကို ဖြစ်နေတော့တာ
စိတ်ထဲမှာလည်း ထူးထူးဆန်းဆန်း အရမ်းပျော်နေသလိုကြီး
ကုတင်ပေါ်က ထလိုက်ပြီး စိတ်ထဲက မသက်ာတာနဲ့
အနောက်ကို လှည့်ကြည့်လိုက်တော့
..........!!!!! ကျတော် အော်ဖို့ အသံတွေပါ ဆွံ့အသွားလောက်တဲ့ထိကို အံသြသွားမိတယ် ကျတော်မြင်လိုက်ရတဲ့အရာက..........................

Drifting Into Silent Darkness S.1 (Completed)Where stories live. Discover now