Chapter 6

155 20 4
                                    

(Unicode)
*********
"ဟောဟဲ ဟောဟဲ "

အမြန်ပြေးလိုက်လာခဲ့ရတာကြောင့် အတော်ပင် မောပန်း နေသည်
မျက်ခြည်မပြတ်အောင် အနောက်ကနေ တောက်လျှောက်
ပြေးလိုက်ခဲ့တာတောင်မှ ဘယ်နားရောက်သွားလည်းမသိ

ဘေးဘက်ဝဲယာကို ကြည့်လိုက်တော့လည်း ကျောင်းသွားချိန်
အလုပ်သွားချိန်မို့လို့လားမသိ ကြည့်လိုက်သမျှ နေရာတိုင်း
လူတွေ များပြားလှသည်

ဒီလောက် များတဲ့ လူတွေထဲမှာ jake ကို ရှာဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်တော့ လက်လျှော့ပြီးသာ ကျောင်းဖက်သို့ ပြန်လှည့်လာခဲ့တော့သည်

ထိုစဥ် ကားလမ်းမတစ်ဖက်ခြမ်း သစ်ပင်ကြီးအောက်၌ ကောင်လေးတစ်ယောက်ကတော့
ကျောပိုးအိတ်ထဲမှ headphone ကို ထုတ်ကာ
နားမှာ တပ်လိုက်ပြီး တစ်​ယောက်ယောက်ကို စောင့်မျှော်နေလေသည်

သူ့ပုံစံမှာလည်း ပတ်ဝန်းကျင်ရှိ ဖြစ်ပျက်နေသမျှကိုပင်
ဂရုမစိုက်သည့် ဟန်ဖြင့်

သိပ်မကြာလိုက်ခင်မှာပင် အဆင့်မြင့် နောက်ဆုံးပေါ်ကားတစ်စီးရောက်လာကာ လူတစ်ယောက်ထွက်လာပြီး  ထိုကောင်လေးနှင့် စကားတွေပြောကာ နှစ်ယောက်လုံးကားပေါ်သို့တက်၍
မောင်းထွက်သွားတော့သည်
______________________________________

"ဒင် ဒင် ဒင်!  (ကျောင်းတက် alarm မြည်သံ) "

ကျောင်းခန်းထဲ၌

" ကဲ ပထမဦးဆုံး ဒီနေ့ တက်ရောက်တဲ့သူတွေအတွက် roll call ခေါ်မယ် နာမည်ပါရင် လက်ထောင်ပါ! "

"..............
...............
...............
...............
..............
Mr.Robin Aarono
Mr.Elijah Richardson
Mr.Henry Hernandez
Mr.Leonardo Willkinson........

Mr.Leonardo Willkinson !

ဆရာမ လှမ်းကြည့်လိုက်ရာ leon ၏ နေရာတွင်
ဘယ်သူမှ မရှိသဖြင့်

"Mr.Willkinson က ဒီနေ့ကျောင်းမလာဘူးလား "

Christoff သည်လည်း

" ဗျာ ဟုတ် ဆရာမ! ကျတော် အခုပဲ ပြောတော့မလို့
သူ ဒီနေ့အတွက် ခွင့်............"

"ဝုန်း! (တံခါး ဆွဲဖွင့်သံ)

ဆရာမအပါအဝင် ကျောင်းသားကျောင်းသူများအားလုံး၏
အကြည့်တို့သည် တံခါးဝ၌ ရပ်နေသော leon ပေါ်သို့
ရောက်သွားသည်

Drifting Into Silent Darkness S.1 (Completed)Where stories live. Discover now