Chapter 18

278 20 1
                                    

(Unicode)
***********
" Jake ရဲ့ အခြေအနေအရ သူ့ကို နိုင်ငံခြားပညာတော်သင်
လွှတ်လိုက်တာ ပိုကောင်းမယ်ထင်တယ်.... မင်းရော
ဘယ်လို သဘောရလဲ Scott "

"အင်း...ကောင်းသားပဲ...အခုချိန်မှာ Jake ပုံစံက စိတ်ဖိစီးနေတဲ့ပုံဆိုတော့... ဒါနဲ့ အဖေ... သူလက်ခံပါ့မလား
ကျတော်တော့မထင်ဘူးနော် "

"အေး...လက်မခံလည်း လက်ခံလာအောင် လုပ်ရတော့မှာပေါ့ ဘယ်တတ်နိုင်ပါ့မလဲ "

ထိုစဥ်

"သခင်ကြီး...သခင်လေး Jake ရောက်နေပါပြီ... "

"အော်...အေး.. ဝင်လာခိုင်းလိုက်လေ "

"ဟုတ်ကဲ့ပါ သခင်ကြီး "

ဟုဆိုကာ အခန်းတံခါးအား ဖွင့်ပေးလိုက်လေသည်

************************************
တစ်ဖက်တွင်လည်း Leon တစ်ယောက် ထိုထူးဆန်းသည့် အသံများကြောင့် တစ်ညလုံး မအိပ်ရသေး....

အိပ်ရာမှထ၍ ကုတင်ပေါ်ကောက်ထိုင်လိုက်ပြီး...
စိတ်ထဲတွင်လည်း တွေးနေမိသည်

Jake ရဲ့ လိပ်စာကတော့ Kristoff ကျေးဇူးနဲ့ သူ့လက်ထဲမှာ ရှိနေပြီ...
ပြသာနာက အိမ်မှာ အကျယ်ချူပ်ကျနေရာကမှ အပြင်
ဘယ်လိုထွက်ရမှန်းမသိ....

ရှုပ်ပွနေသော ဆံပင်တွေကို အပေါ်သို့ လှန်တင်လိုက်ပြီး..
ရေချိူးခန်းထဲ ဝင်လိုက်ကာ ရေမိုးချိူးကိုယ်လက်သန့်စင်ပြီးနောက် အိမ်အောက်သို့ဆင်းလာခဲ့သည်

"Morning mom !"

"အော် Morning သား.... ညက ကောင်းကောင်းရော
အိပ်ရရဲ့လား...သားပုံကြည့်ရတာ မလန်းသလိုပဲ... "

"ဟုတ်... သား အဆင်ပြေပါတယ်... နည်းနည်းပင်ပန်းနေသလိုဖြစ်နေလို့... "

"အဲ့လိုဆိုရင်တော့ လောလောဆယ် သား အိမ်ထဲမှာပဲ
အနားယူဦး... ဘယ်ကိုမှ မထွက်သေးနဲ့ဦး"

"ဗျာ....... မဟုတ်ဘူး.. သားကောင်းနေပြီ တကယ်သက်သာလာပြီ.. "

"ဟုတ်လို့လား...."

"ဟုတ်ပါတယ်ဆိုမှ... သား ဘယ်တုန်းက လိမ်ဖူးလို့လဲ "

"ဘာပဲဖြစ်ဖြစ် မင်း အပြင်မထွက်နဲ့ဦး ကြားလား...  "

Drifting Into Silent Darkness S.1 (Completed)Where stories live. Discover now