Chapter 13

107 17 2
                                    

(Unicode)
***********
"ဟမ်......ခင်ဗျား ပြောနေတာတွေကို ကျတော်တစ်ခုမှ
နားမလည်နိုင်တော့ဘူး....ဘာအမှားကို ကျူးလွန်ခဲ့မိလို့တုန်း
ကျတော်တို့က.....နေပါဦး အဲ့လိုပြောမှ jake ရော...သူ
ဘယ်မှာလဲ.... ကျတော် သူကို လိုက်ရှာရဦးမယ် "

"ဟေ့ ဟေ့ စိတ်လျှော့စမ်းပါဟ.....မင်းသူငယ်ချင်းက ဟိုဖက်အခန်းထဲမှာ ရှိတယ်... မြေအောက်ခန်းထဲမှာ သတိလစ်နေတာ တွေ့လို့ ခေါ်လာတာကို ငါ့ကို မကောင်းဆိုးဝါးထင်ပြီး လာထိုးကြိတ်ဖို့ လုပ်နေလို့ သတိလစ်အောင် လုပ်ထားရတယ် ..... ဟူး တကယ်မလွယ်တာ အဲ့ကောင်ကတော့. ..."

" ကျတော် အခု jake နဲ့ သွားတွေ့လို့ရမလား ....? "

"ခဏလေး...ငါတို့အပြင်ထွက်လို့မရသေးဘူး... အပြင်မှာ
Kravem ရဲ့ တပည့်တွေ ရှိနေသေးတယ် "

"Kravem? Kravem က ဘယ်သူလဲ? "

"အင်း...........အခုလောလောဆယ်တော့ မင်းသိဖို့မလိုသေးပါဘူး "

"ဒါနဲ့ ခဏ..အခုမှ ကျတော်တွေးမိလို့... ခင်ဗျား ကျတော့်ကို ဒီခေါ်လာသလို ဟိုဖက်အခန်းထဲကို teleport လိုက်လို့ ရတယ်မဟုတ်ဘူးလား "

"မရဘူး....... ငါ့ အစွမ်းတွေသာ ထုတ်သုံးလိုက်ရင် Kravem ရဲ့ တပည့်တွေ သတိထားမိသွားလိမ့်မယ်
အခုငါတို့ရှိနေတဲ့ နေရာက Kravem ဝင်လာလို့ မရနိုင်တဲ့ တစ်ခုတည်းသော နေရာပဲ "

"ဟင်....အဲ့တာဆို jake ကရော....သူလုံခြုံပါ့မလား "

"အေး...ထင်ရတာပဲ.... ဒါပေမယ့် စိတ်မပူပါနဲ့ ငါသူ့ကို
အစီအရင်တွေနဲ့ သေချာထားခဲ့တာပါ
ဒီမှာ ခဏ နေဦး..... "

ဟုဆိုကာ အနားရှိ တံခါးနားသို့ လျှောက်သွားလိုက်ပြီး တံခါးလက်ကိုင်နားရှိ အပေါက်သေးသေးလေးမှ တစ်ဆင့်
အပြင်သို့ကြည့်လိုက်ရာ.. သူတို့အခန်းနားတွင် ထူးဆန်းသည့်ပုံအသွင်နှင့် လူများ သွားလာနေကြသည်ကို တွေ့လိုက်ရသည်

ထို့နောက် သက်ပြင်းတစ်ချက်ချလိုက်ပြီး..

"ဟေ့ leon! မင်း ဒီမှာပဲ နေ နေဦးနော်... ဘယ်လိုအသံတွေပဲကြားကြား အပြင်မှာ ဘာတွေပဲ ဖြစ်နေပါစေ လုံးဝ တံခါးကို မဖွင့်လိုက်နဲ့.... ကြားလား
ငါ Jake ကို ခေါ်ပြီး ပြန်လာခဲ့မယ် "

Drifting Into Silent Darkness S.1 (Completed)Where stories live. Discover now