Chapter 14

99 17 2
                                    

(Unicode)
**********
Leon တံခါးကို ဖွင့်လိုက်ပါသော်လည်း အပြင်မှာ တစ်ယောက်မှ ရှိမနေသလို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက်
အသံတွေအားလုံးကလည်း ကွယ်ပျောက်သွားသောကြောင့်
Leon တစ်ခုခုကို သိလိုက်မိသည်

ဒါတွေအားလုံးက အမှန်မဟုတ်ဘူးဆိုတာကိုသိလိုက်ရသောကြောင့် အခန်းထဲ
ပြန်ဝင်ဖို့ပြင်နေစဥ်မှာတင် သူ့အနောက်ကနေ ပြင်းထန်သည့်အားတစ်ခုက တွန်းလိုက်သဖြင့် အရှေ့သို့
လဲကျသွားသည်

ထို့ပြင် အခန်းတံခါးကလည်း ရုတ်တရက်ကြီး ဝုန်းခနဲ
ပြန်ပိတ်သွားတော့လေ၏

တစ်ချိန်တည်းမှာပင် အိမ်ကြီးတစ်ခုလုံးမှ ကြောက်မက်ဖွယ်
အော်သံနက်ကြီးများ ထွက်ပေါ်လာပြီး သူ့ကိုလည်း လူတွေအများကြီးမှ စောင့်ကြည့်နေသလို ခံစားနေရတော့သည်

Leon လည်း ကြောက်ပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်နေရင်းကနေ ကော်ရစ်ဒါ ထောင့်နားတွင်
ရပ်နေသော လွှစက်နှင့် အကျီတွင်လည်း သွေးတွေ စွန်းပေနေသော လူရုပ်ကြီး တစ်ရုပ်အား တွေ့လိုက်ရလေသည်

ထို အရုပ်ကြီး သည် leon ကို ကြည့်နေရာမှ တဖြေးဖြေး
လှုပ်ရှားလာလေသည်

Leon လည်း သတိထားမိ၍ ထဖို့ပြင်နေစဥ်မှာတင် ထိုအရုပ်ကြီးမှာ အရင်ကထက် ပိုလှုပ်လာတော့သည်

ထို့နောက် leon မတ်တပ်ရပ်လိုက်သည်နှင့်တစ်ပြိုင်နက်
ထို လွှစက်နှင့် လူ အရုပ်ကြီး လှုပ်ရှားလာပြီး leon ဆီသို့
ပြေးလာတော့သည်

အားးးးးးးးးးးးးးးးးးးးးး! !!!!!!!!!!!!!!!!

"Leon! "

ရုတ်တရက် leon ၏ အော်သံကို ကြားလိုက်ရသောကြောင့်
Jake လည်း ထိတ်လန့်သွား၏

"ဒါ leon အသံမလား! "

"အေး! ချီးပဲကွာ တံခါးကို လုံးဝမဖွင့်ပါနဲ့ လို့ ဒီလောက်
မှာထားခဲ့တာကို "

"ကျတော်တို့ မြန်မြန်သွားရအောင် ! "

Dave သည်လည်း သဘောတူသည့်အနေဖြင့်
ခေါင်းကို ညိတ်ပြလိုက်သည်

************************************
"Leon! ထပါတော့ကွာ
ဘယ်အချိန်ထိ အိပ်နေဦးမလို့လဲ......
ငါတို့ စာမေးပွဲလည်း ဒီလောက်နီးနေပြီဟာကို
ငါတို့ နှစ်ယောက် စာအတူ လုပ်ဖို့ ကတိပေးထါးတယ်မလား
အဲ့တာဆို ကျေးဇူးပြုပြီး ကတိကို တည်စမ်းပါကွာ
မင်းက ကတိတည်တတ်တဲ့ လူတစ်ယောက်မှန်း ငါသိပါတယ်
အဲ့တာကြောင့် Leon ကျေးဇူးပြုပြီး နိုးပါတော့ (ဝမ်းနည်းသည့်လေသံဖြင့်) "

Drifting Into Silent Darkness S.1 (Completed)Where stories live. Discover now