Chapter 15

107 17 8
                                    

(Unicode)
**********
Leon တို့ ပြေးနေရင်းကနေ တစ်နေရာအရောက်၌
ရပ်လိုက်ပြီး Dave က သူ့အိပ်ကပ်ထဲမှ သော့ကို သုံးကာ
တံခါးကို ဖွင့်လိုက်သည်

သူတို့အရှေ့တွင်တော့ ကမ်းပါးနှစ်ခုအကြား သွယ်တန်းထားသော အနည်းငယ် ရှည်လျားလှသည့် ကြိုးတံတားကြီးက စောင့်ကြိုနေလေသည်

ထိုစဥ်မှာပင် ကြောက်မက်ဖွယ်ကောင်းလှသည့် ဟိန်းသံကြီး
တစ်ခု ထွက်ပေါ်လာသောကြောင့် Dave က တစ်ခုခုကို
သိလိုက်ဟန်ဖြင့်

"Leon! Jake! မင်းတို့ အခုပဲ သွားမှ ရတော့မယ်
ငါ ထပ်ပြီး အကူအညီမပေးနိုင်တော့တဲ့အတွက် တကယ်
စိတ်မကောင်းပါဘူး... မင်းတို့နှစ်ယောက်လုံး  ငါပြောတာတွေကို သေချာမှတ်ထားပါ.. ဒီတံတားကို ဖြတ်ပြီး ဟိုဖက်ကမ်းကို ရောက်ပြီဆိုတာနဲ့ တံခါးတစ်ချပ်ကို
တွေ့ရလိမ့်မယ်...  အဲ့တံခါးကို ဖွင့်လိုက်ရင် မြက်ခင်းစိမ်းကြီးထဲ ပြန်ရောက်သွားလိမ့်မယ် တစ်နည်းအားဖြင့် astral plane ပေါ့...
တစ်ခုသိထားဖို့က မင်းတို့ astral plane ထဲ ရောက်တာနဲ့  မလုံခြုံသေးဘူးနော် မင်းတို့ ခနွာကိုယ်ထဲ ပြန်ရောက်ပြီဆိုမှ တကယ် ဘေးကင်းသွားမှာ
ကဲ အခုသွားကြတော့! !!!"

"အကိုကရော! "

"အာ..ဒီမှာ leon ! ငါ မင်းကို ဘာပြောခဲ့လဲ ငါက သေပြီးသားလို့..ငါမင်းတို့နဲ့လိုက်လို့မရဘူး... အဲ့တာကြောင့်
ငါ ဒီထက်ပိုပြီး ကူညီပေးနိုင်မှာ မရှိတော့ဘူး....
သွားတော့ leon! သူတို့တွေ လာနေကြပြီ "

"ဟုတ်.. အရာအားလုံးအတွက် ကျေးဇူးပါပဲ အကို dave "

Dave လည်း leon တို့ကို သဘောတူဟန် ခေါင်းညိတ်ပြ လိုက်သည်
Leon နဲ့ Jake လည်း တံတားမှ တစ်ဆင့် တစ်ဖက်ကမ်းသို့ ပြေးသွားကြတော့သည်

ထိုချိန်မှာတင် အရိပ်မည်းတွေက ပို၍ပင် များလာပြီး dave ရှိနေသော ဘက်ခြမ်းမှ တံခါးကိုပါ ကျော်လာကြသည်
ထို အရိပ်မည်းများကြားမှ လက်ခုတ်တီးသံများနှင့်အတူ ရယ်သံတစ်ခုက ပျံလွင့်လာပြီး ထို အရိပ်လိုလို ဘာလိုလို
လူက dave နားသို့ ရောက်လာသည်

"congratulations david! မင်း တော်တော်ကြိုးစားခဲ့တာပဲ
ဒါပေမယ့် ဘယ်လို လုပ်မလဲကွ! အရင်ကရော မင်း ငါ့ကို
တစ်ခါလေးတောင် တားနိုင်ခဲ့ဖူးလို့လား ဟားဟား ဟား
David ! မင်း ဘယ်လောက်ပဲ ကြိုးစားကြိုးစား ငါ့ကိုတော့ ကျောလို့မရဘူးဆိုတာကို မြဲမြဲမှတ်ထားသင့်တယ် "

Drifting Into Silent Darkness S.1 (Completed)Where stories live. Discover now