Ep 1 - အဖြစ်အပျက်များရဲ့အစ

23.6K 2.5K 132
                                    

My Gym Trainer Ep 1

“ဟော ဆရာလေး ရောက်ပြီလား ဆေးရုံသွားပြီးပြီလား ဆရာဝန်က ဘာပြောလဲ"

ကျိရန်ရဲ့ကော်ဖီဆိုင်ထဲဝင်လိုက်တယ်ဆိုရင်ပဲ
ရှောင်းကျန့်ကို ကျိရန်ကတွေ့သွားပြီး မေးခွန်းထုတ်လေရာ ရှောင်းကျန့် ရှုံးမဲ့သွားသည်။ အခုနေမမဲ့လည်း ကျိရန်ထပ်ပြောမယ့်စကားတွေကြားရင် မဲ့ရတော့မှာမို့ ကြိုပီးမဲ့ထားလိုက်မယ်လေ။

“ငါ့ကို ပေးထိုင်ပါအုံး ကော်ဖီလေးဘာလေးတိုက်ပီး မုန့်လေးဘာလေးကျွေးအုံးလေ”

ကျိရန်အမေးကိုပြန်မဖြေပဲ အထွန့်တက်လိုက်မိသည်။ ကျိရန်က ဘာမှမပြောဘဲ snack counter ထဲက ကိတ်မုန့်တစ်တုံးကိုထုတ်နေတယ်။
ပြီးတော့ coffee machine ဆီသွားကာ ကော်ဖီဖျော်နေလေရဲ့။ ကျိရန်နဲ့ ရှောင်းကျန့်က တက္ကသိုလ်အတူတူတက်ခဲ့ကြတာ။
စာကြိုးစားတဲ့ ရှောင်းကျန့်က အတန်းထဲမှာ အမြဲအမှတ်ကောင်းပေမယ့် ကျိရန်ကတော့ မကျရုံတမယ်ပင်။

ကျိရန်က ငယ်စဉ်ကတည်းက barista ဖြစ်ချင်ပေမယ့် မိဘတွေကို မလွန်ဆန်နိုင်လို့ နည်းပညာတက္ကသိုလ်လာတက်ရတဲ့ သူဌေးသားလေး။ အဲဒါကြောင့် ကျောင်းလစ်ပီး မုန့်ဖုတ်သင်တန်းတွေသွားတက်သည်။ ညနေကျောင်းဆင်းရင် ကော်ဖီဆိုင်မှာအချိန်ပိုင်းဝင်လုပ်သည်။ ပြီးရင် စာမေးပွဲမကျအောင် ရှိသမျှစာတွေ ကျွန်တော့်ကိုလာမေးသည်လေ။ ဘွဲ့ရပြီးတော့ ကျွန်တော်က မာစတာတန်းဝင်ပေမယ့် ကျိရန်ကတော့ ရိုးရိုးပဲအောင်တာ။ အောင်တာတောင်ကံကောင်းပေါ့လေ။

အခုတော့ သူက shopping mall တစ်ခုရဲ့ အောက်ဆုံးထပ်မှာ ကော်ဖီဆိုင်လေးဖွင့်လို့။ ကျွန်တော်ကတော့အကြိုက်ပဲလေ။ သူ့ဆီမှာ နေ့တိုင်း အလကားမုန့်စား၊ ကော်ဖီသောက်လို့ရတာကိုး။

“ရော့ ရပြီအဖေ မြိုစို့လိုက်အုံး”

“ဟေ့ကောင် ကျိရန် မြိုစို့လိုက်အုံးဆိုတဲ့စကားက အရမ်းရိုင်းတယ် သုံးဆောင်ပါအုံးခင်ဗျာ့လို့ ယဉ်ယဉ်ကျေးကျေးပြောစမ်း”

“စကားမများပဲ စား၊ မဟုတ်ရင် ဘာမှမစားရပဲနေမယ်”

“မင်းကလဲ စိတ်ကြီးပဲ”

My Gym Trainer (Completed)Where stories live. Discover now