My Gym Trainer Ep 15
ဝမ်ရိပေါ် ချစ်သူအသစ်စက်စက်ကြောင့် စိတ်ညစ်နေရပြီ။ ကြိုက်တာမှမကြာသေးဘူး စိတ်ညစ်နေပြီလားလို့ ကျွန်တော့်ကိုမငြိုငြင်ကြနဲ့။
ခင်ဗျားတို့အရစ်တုံး ရှောင်းကျန့်အကြောင်းမသိလို့။သူ assignment တင်စရာရှိလို့ ဒီတစ်ပတ်ပိတ်ရက် နှစ်ယောက်သားအပြင်မှာမဒိတ်နိုင်ဘူးဆိုလို့ ချစ်သူရဲ့အိမ်ကို လာပြီး တီတီတာတာပြောရမလားမှတ်တယ်၊ ဘယ်သူက လျှာရှည်ပြီး အွန်လိုင်းပေါ်တင်သွားသလဲမသိတဲ့ Dalgona coffee challenge ဆိုတာကြီးကို သောက်ချင်ပါတယ်ဆိုပီး ဂျီကျလေရဲ့။
"လုပ်ပါ ပေါ်တိရာ ကိုကြီးကစာလုပ်ရင်ကော်ဖီလေးသောက်မှအဆင်ပြေတာ"
"အဲဒါဆိုလဲ ကျွန်တော် starbucks ကနေသွားဝယ်ပေးမယ်လေ ဒါမှမဟုတ် ကျိရန်ကောဆိုင်က နေသွားဝယ်ပေးမယ်"
"အာမရပါဘူး ဒီ dalgona coffee ဆိုတာပဲသောက်ချင်တာပါဆို"
"ဟုတ်ပြီ ဟုတ်ပြီ အဲဒါဆိုလဲဖျော်ပေးမယ် ဟုတ်ပြီလား ပါဝင်ပစ္စည်းတွေကရော"
"အဲဒါ ကိုကြီးမနေ့ညနေ supermarket သွားကတည်းက ဝယ်ထားပြီးပြီ"
"အင်း ဘယ်မလဲ လုပ်ရမယ့်နည်းတွေပြအုံး"
"ကော်ဖီမှုန့်ရယ် သကြားရယ်ထည့်ပြီးမွှေရမယ်"
"ရေနွေးရောလား"
"ရေနွေးမပါပဲ ကော်ဖီနဲ့သကြားကိုဘယ်လိုမွှေမလဲ ပေါ်တိကလဲ ပိန်းပြန်ပီ"
မျက်စောင်းထိုးပြီးပြောလေသော ကျွန်တော့်ရည်းစား။ နှုတ်ခမ်းကလဲထော်နေသေးတာ။
အသည်းယားလို့ သူ့နှာခေါင်းကိုထညှစ်တော့ သူက အားကျမခံ ကျွန်တော့်နှာခေါင်းကို လာပြန်ညှစ်တယ်။
"ကိုကြီးနှာခေါင်းကညှစ်မလို့မကောင်းဘူး ပေါ်တိနှာခေါင်းလေးကမှလုံးလုံးလေးမို့ ညှစ်လို့ကောင်းတာ .. အိုက်ဂူး ချစ်ဖို့ကောင်းတယ် အစိမ်းလုံးလေး"
"ဘာရယ် ဘာရယ် အစိမ်းလုံးလေး ဟုတ်လား"
"အင်း ဟုတ်တယ်လေ"
"ဘာလို့အစိမ်းလုံးဖြစ်ရတာတုန်း"
"အာ ပေါ်တိကအစိမ်းရောင်ကြိုက်တယ်မဟုတ်လား အဲဒါကြောင့် ပေါ်တိဖန်တွေက ချစ်စနိုးနဲ့ အစိမ်းလုံးလေးလို့ခေါ်ကြတဲ့သူတွေရှိတယ် ကိုကြီးလဲ အဲလိုခေါ်တာလေး ချစ်လို့"
YOU ARE READING
My Gym Trainer (Completed)
FanfictionWhen Yibo become a persona gym trainer for Xiao Zhan... Will Yibo change Chubby XZ to Handsome XZ??? Will Xiaozhan fall for his handsome trainer??? Well, let's start the story 💚❤️ Fic cover by Xiao Aeri Monn