My Gym Trainer Ep 18
မီးရောင်စုံနဲ့ လှုပ်ရှားပျော်ပါးနေတဲ့လူတွေကြား ဟောက်ရွှမ်းတစ်ယောက်တည်း အဖော်မပါ တစ်ကိုယ်တည်းမို့ အရက်ကိုပဲ ဖိသောက်နေမိတယ်။
စန့်ကျင်ကလဲ ဘယ်နားနေမှန်းမသိ၊ ကလပ်ရောက်ပြီဆို စော်ကြည်ဘဲ စန့်ကျင်ကို ရှာတွေ့ဖို့မစဉ်းစားနဲ့၊ ဘယ်ဂျောင်မှာ ဘယ်စကီနဲ့ရှိနေမယ်မသိ။
ဟိုက်ခွမ်းကောကလဲ သူ့သူငယ်ချင်းတွေနဲ့ စကားပြောနေကာ ကိုယ့်ကိုရှိတယ်လို့တောင်မထင်။
ဟိုအတွဲလား မေးမနေနဲ့။ dancing floor မှာ ပလူးနေတာများ မမြင်ချင်လွန်းလို့မျက်လုံးလွှဲရသည်။
အခုတလော ကံဇာတာတွေကလဲ ကျနေတာများ စိတ်ညစ်နေချိန် တိုက်တိုက်ဆိုင်ဆိုင် ကလပ်ရောက်လာရကာ ဒီကလပ်ကလဲ ကျိရန်ကောနဲ့အတူတူလာခဲ့ဖူးတဲ့နေရာ။
ဒီနေရာ ဒီခုံမှာပဲဖြစ်မလား ကျိရန်ကောက ကိုယ့်ဆီက အနမ်းကို မျှော်လင့်နေသလိုမျိုး ရီဝေဝေကြည့်နေတာလေးကို ပြန်သတိရမိသည်။
ဒီ ငမိုက်သားက အဲဒီအခြေအနေကနေ ရှောင်ထွက်ခဲ့တာပဲ။
တကယ်ဆို အဲဒီအချိန်တုန်းကသာနမ်းမိခဲ့ရင် .. ကျိရန်ကောနဲ့ လမ်းခွဲဖို့ဖြစ်လာပါ့မလား။
မချစ်ခဲ့ဘူးလို့ ကြွေးကြော်ခဲ့တဲ့ ကျွန်တော်က လမ်းခွဲပြီး ဒုတိယမြောက်နေ့မှာပဲ ရည်းစားဟောင်းကို အသည်းအသန်လွမ်းမိနေပြီ။
ဘာနဲ့မှ နှောင်တွယ်ထားခြင်းမရှိပါပဲ သူ ကျွန်တော့်ကို ဘယ်လိုချည်နှောင်လိုက်တာလဲ ကျွန်တော်မတွေးတတ်တော့ဘူး။
ဒါပေမယ့် အဲဒီကြိုးလေး ပြတ်သွားချိန်မှာ ကျွန်တော့်အတွက် နာကျင်စရာတွေဖြစ်နေခဲ့ပြီ။ ဒါဆိုရင် ကျိရန်ကောရော .. ကျွန်တော့်လိုပဲ နာကျင်နေမှာလား။
YOU ARE READING
My Gym Trainer (Completed)
FanfictionWhen Yibo become a persona gym trainer for Xiao Zhan... Will Yibo change Chubby XZ to Handsome XZ??? Will Xiaozhan fall for his handsome trainer??? Well, let's start the story 💚❤️ Fic cover by Xiao Aeri Monn