Extra 2 - Happy 520 Day Special

14.7K 1.4K 61
                                    

My Gym Trainer 520 Special Epside ~ Extra 2

ဝမ်ရိပေါ် စိတ်တိုနေသည်။

အကြောင်းက ကိုကြီးနဲ့ရေအတူကူးနေတုန်း သူငယ်ချင်း Jay ရောက်လာ၍ ရေကူးကန်ထဲမှ ထွက်ကာ အပြင်မှာ စကားပြောနေရခြင်းကြောင့်ဖြစ်သည်။

ကိုကြီးကလဲ အလိုက်တသိနဲ့ အနောက်ကလိုက်မလာဘူး။

ဒီနေ့မှ လေရှည်နေတဲ့ Jay ကို မျက်စောင်းကြီး ၁၈ ခါလောက်ထိုးပြီးပြီဖြစ်သော်လည်း Jay က သိပုံမရဘူး။

သူ့ရည်းစား အူတူတူ အတတနဲ့ပေါင်းပြီး သူပါ အူသွားတာလားမသိ။

"မင်း ရည်းစားကိုသွားကြိုရမှာမဟုတ်လား Jay"

"ဟင့်အင်း သူမိတင်မပြီးသေးဘူး"

ဘောပဲဟေ့။ Jay က ရိပေါ်ဆီအကြောင်းရှိလို့လာတာမဟုတ်။

ဒီနားမှာ သူ့ရည်းစားက အစည်းအဝေးလာတက်တာမို့လို့ လိုက်ပို့ရင်း gym မှာအချိန်လာဖြုန်းတာ။

သူ့ကြောင့် ရိပေါ်မှာ ရည်းစားနားမကပ်ရတော့ဘူး။

ကိုကြီးအိမ်မှာ ချုံချင်းက သူ့အမေက ကိုယ်တွေ မင်္ဂလာပွဲကိစ္စနဲ့ရောက်နေတာမို့ ရိပေါ် ကိုကြီးဆီ သွားမအိပ်ရတာ ၂ ရက်ရှိပြီ။

အဲဒါကြောင့် ကိုကြီးကို gym ခေါ်ပြီး အလွမ်းဖြေပါတယ်ဆို အနှောင့်အယှက်ကရောက်လာလေသေးသည်။

စိတ်မပါလက်မပါနဲ့ Jay ကို ဧည့်ခံစကားပြောနေရတာ ၁၅ မိနစ်လောက်ရှိပြီမို့ ရိပေါ် သည်းမခံနိုင်တော့ဘူး။

"ဲမင်း မပြန်သေးဘူးလား"

မေးလိုက်ပြီ။ တခြားလူဆို ထွက်တောင်တွေ့မှာမဟုတ်သော်လည်း Jay မို့လို့ထွက်တွေ့တာ။

"မင်းကလဲ ငါအခုမှရောက်တဲ့ဟာကို"

"မသိဘူးကွာ ပြန်တော့"

ပြောရင်းမတ်တပ် ကိုကြီးတစ်ယောက် ရေကူးကန်ဘက်မှ ပြန်ထွက်လာတာကိုတွေ့လိုက်တော့ ရိပေါ် သွေးတက်သွားရပြီ။

အောက်ကရေကူးဘောင်းဘီနဲ့ အပေါ်က တီရှပ်ပါးပါးတစ်ထည်သာ ဝတ်ထားသော ကိုကြီးပုံစံက အသက်ရှူမှားချင်စရာကြီး။

My Gym Trainer (Completed)Wo Geschichten leben. Entdecke jetzt