My Gym Trainer Ep 8
တတီတီမြည်နေသော alarm မှအသံကြောင့် ရှောင်းကျန့်နိုးလာတော့ အရက်မူးခြင်းရဲ့အကျိုးဖြစ်သော အရက်နာကျခြင်းကို ခံစားရလေသည်။ ခေါင်းတွေအသေကိုက်နေသော်လည်း ကျောင်းမသွားလို့မရသောကြောင့် အိပ်ရာမှ ကုန်းထရပြန်သည်။ ငါ အိမ်တော့ပြန်ရောက်လာသေးသားပဲ။ ညကဘယ်သူပြန်လာပို့ပေးသွားပါလိမ့်လို့စဉ်းစားမိတော့ ဦးနှောက်ထဲပေါ်လာတာက မနေ့ညကအကြောင်းတွေ။
သေလိုက်ပါတော့ ရှောင်းကျန့်ရယ်။ မင်းသေသင့်တယ်။ သဘောကျတယ်လို့ပြောရုံတင်မဟုတ်ဖူး နမ်းပါနမ်းလိုက်သေးတယ်။ အခုရိပေါ်ကို ဘယ်လိုမျက်နှာပြရတော့မလဲမသိ။ ရိပေါ်ကို သဘောကျနေတာမှန်သော်လည်း ဒီလိုပုံစံမျိုးနဲ့ပြောချင်တာမဟုတ်ဘူးလေ။ လူကကျောင်းကိုသွားနေရပေမယ့် စိတ်ကတော့ ရိပေါ်ဆီမှာသာ။ ရိပေါ်နဲ့ဘယ်လိုမျက်နှာချင်းဆိုင်ရမလဲခုထိအဖြေရှာမရသေး။
"အကိုက ရှောင်းကျန့်ဟုတ်တယ်မှတ်လားဟင်"
ကျောင်းစာကြည့်တိုက်မှာထိုင်ပီးစာလုပ်နေတုန်း ဂျူနီယာတန်းမှဖြစ်မယ်ထင်သော ကောင်လေးတစ်ယောက်က အနားရောက်လာကာမေးသည်။ ကောင်လေးကချစ်စရာလေးပဲဟ။
တလောကလုံးက ကောင်လေးတွေက ငါကလွဲပီးချစ်စရာကောင်းနေတာလားလို့ ရှောင်းကျန့်စိတ်ပေါက်ပေါက်နဲ့တွေးလိုက်မိတယ်။"မဟုတ်ဖူးလား ဟင်"
"ဟီး ဟုတ်တယ်"
"အာ ကျွန်တော်ကလူမှားပြီလားလို့ တော်သေးတာပေါ့ ကျွန်တော့်နာမည်က ကျန်းဖန်ရှင်းပါ"
"ဘာကိစ္စရှိလို့လဲ ညီလေး"
"ဆရာကျန်းရွီက ခေါ်ခိုင်းလိုက်လို့ သူ့ရုံးခန်းကို ခဏလာခဲ့ပါတဲ့"
"ညီလေးနဲ့လိုက်ခဲ့ရမှာလား"
"ဟုတ်တယ်အကို"
"အိုကေ လိုက်ခဲ့မယ်နော်"
ဖန်ရှင်းဟုခေါ်သော ကောင်လေးနဲ့လိုက်လာရင်း သူပြောတာက သူက ကျွန်တော်နဲ့မေဂျာတူတူပဲဖြစ်ကာ တတိယနှစ်တက်နေသော ကောင်လေးဖြစ်သည်။ ကျွန်တော့်ထက် ၄နှစ်ငယ်တာမို့ ဆိုင်ဆိုင် မဆိုင်ဆိုင် ရိပေါ်လေးကို သတိရသွားသေးသည်။
YOU ARE READING
My Gym Trainer (Completed)
FanfictionWhen Yibo become a persona gym trainer for Xiao Zhan... Will Yibo change Chubby XZ to Handsome XZ??? Will Xiaozhan fall for his handsome trainer??? Well, let's start the story 💚❤️ Fic cover by Xiao Aeri Monn