Ep 7 - Unexpected

16.1K 2.2K 196
                                    

My Gym Trainer Ep 7

အခုဆိုရင် ရှောင်ကျန့်နဲ့ရိပေါ်သိတာ တစ်လလောက်ရှိတော့မယ်။ အရင်ထက်လဲ ပိုရင်းနှီးလာပြီဆိုပါတော့။
တခါတလေတော့ ပင်ပန်းလွန်းရင် gym ပြေးလိုက်ချင်ပေမယ့် ရိပေါ်အလည်လေးက အဲလိုအချိန်မျိုးဆို "ကျန့်ကော မလာသေးဘူးလား" ဆိုပြီး ဖုန်းခေါ်တတ်သေးတာမို့ ဒီကိုကြီးက အနစ်နာခံပြီးသွားရတာပဲ။ ရိပေါ်လေးခိုင်းတဲ့အတိုင်း diet meal လေးတွေလိုက်စားတော့ ၁လမှာ ၁၀ ပေါင်ကျသွားတယ်လေ။ အဲတော့ ဝိတ်ဆက်လျှော့ဖို့ ရှောင်းကျန့် အားတက်နေတာတော့အမှန်။

"ကျိရန်ရေ ငါရောက်ပြီ သွားကြမယ်လေ"

"ငါမလိုက်တော့ဘူး မင်းပဲသွားတော့"

"ဘာလို့တုန်း"

မျက်နှာနီနီနဲဇွတ်ငြင်းနေသူ ကျိရန်ကိုကြည့်ပြီး ရှောင်းကျန့်နားမလည်နိုင်။

"ငါရှက်လို့"

"အမ် မင်းကဘယ်သူ့ကိုရှက်ရတာတုန်း"

"ဟိုဟာ ဟောက်ရွှမ်းကို"

"မင်းကသူ့ကိုဘာလုပ်လိုက်လို့တုန်း"

"ဟေ့ကောင် သူကငါ့ကိုဘာလုပ်လိုက်လဲမေးရမှာလေ"

"အော် အေး ဟုတ်သား သူကဘာလုပ်တုန်း"

"မနေ့ညက ငါ့ကို ကြိုက်တယ်ဆိုပီး propose လုပ်တယ်"

ဘယ်လို ဘယ်လို ဟောက်ရွှမ်းကလေ ကျိရန်ကို !
ဒီကောင်လေး ရူးသွားတာများလား။ ကျိရန်လို ပိုးဟပ်ဖြူလိုကောင်လို သူ့လို ခပ်မိုက်မိုက်ကောင်လေးကလေ ကြိုက်တယ်တဲ့။

"စိတ်မှမှန်သေးရဲ့လားကွာ"

"ဘာပြောတယ်"

"အဲလေ မင်း စိတ်ထဲမှာအဆင်ပြေရဲ့လားလို့ အဲဒါမေးတာပါ အရမ်းစိတ်ဆိုးနေလား စိတ်လျှော့ပါကွာ ဒေါသတွေထွက်ပီး သွားဆဲမနေနဲ့အုံးနော် အချင်းချင်းတွေဆိုတော့"

"ငါကဘာလို့စိတ်ဆိုးရမှာလဲ ငါကပျော်နေတဲ့ဟာ"

"ဟမ် ဒါဆိုမင်းကဟောက်ရွှမ်းကိုကြိုက်နေတာလား"

"အင်း"

ရှောင်းကျန့်မျက်စိလည်ပြီလေ။
၈နှစ်လောက်တွဲလာတဲ့ bff ကြီးက 
gay နေတယ်ဆိုတာ တစ်ခါမှမရိပ်မိခဲ့။
ငါဟာ အဲလောက်တုံးနေတာလား။
ဒီကောင် သူ gay နေလို့ ငါ့ကိုရိပေါ်လေးနဲ့ အတင်းဆွဲစိနေတာပေါ့လေ။ အကြံဇိုးကြီးနဲ့။

My Gym Trainer (Completed)Where stories live. Discover now