My Gym Trainer Ep 11
"ရိပေါ်လေး အချောလေး ငါ့ညီလေး"
ဝမ်ဟိုက်ခွမ်း ဒီလိုခေါ်လိုက်ပီဆိုရင် သူ့မှာ အကြံဇိုးကြီးတစ်ခုခုရှိနေပြီ။ ရိပေါ်ကလဲ သူ့အကိုအကြောင်း နောကျေနေသူမို့ ဘာမှပြန်မပြောပဲ မျက်တောင့်နီနဲ့ပြန်ကြည့်သည်။ ဟိုက်ခွမ်းကလဲမမှုဘူး။ ထပ်ခေါ်တာပဲ။
"ရိပေါ်လေး ကောရဲ့ညီလေးရေလို့"
"ဘာလဲဗျာ ဒီမှာ မအားဘူး ဂိမ်းဆော့နေတယ်မမြင်ဘူးလား"
ငင့် .. အေးပေါ့ အေးပေါ့ ညီလေးက အလုပ်ကြီးအကိုင်ကြီးလုပ်နေရှာတယ်။ ငါကပဲအားနေတာ။
"ကောမှာလေ ပိုက်ဆံအများကြီးရမယ့်ကိစ္စတစ်ခုရှိတယ်သိလား စိတ်မဝင်စားဘူးလား"
"မဝင်စားဘူး"
"မဝင်စားလဲပြောပြမယ်ကွာ ဒီလို ကောမိတ်ဆွေဒါရိုက်တာတစ်ယောက်လေ ရိပေါ်လေးနဲ့ ကြော်ငြာလေးတစ်ခုရိုက်ချင်လို့တဲ့သိလား ဘယ်လောက်မှမကြာဘူး တစ်မိနစ်လောက်ပဲတဲ့"
"မဖြစ်နိုင်ဘူး"
"ရိပေါ်ကလဲကွာ အဲလိုယတိပြတ်ကြီးမငြင်းပါနဲ့ ပိုက်ဆံတွေအများကြီးရမှာနော်"
"ပိုက်ဆံများလိုချင်ရင် မားကိုတောင်းလိုက်ရုံပဲဟာ"
အေးပါ သူဌေးသားရယ် မင်းက ပိုက်ဆံတတိုင်းရတဲ့သူဌေးသား။ ငါကသာဆင်းရဲသားလေးပါဟဲ့။
ဟိုက်ခွမ်းတစ်ယောက် ခဏငြိမ်ပီး အကြံထုတ်တယ်။ ဒီကြော်ငြာကိုရိပေါ်ရိုက်မှဖြစ်မယ်။ ဘာလို့လဲဆိုတော့ အဲဒီ energy drinks ရောင်းတဲ့ကုမ္ပဏီပိုင်ရှင်လေးကို ဟိုက်ခွမ်းက crush နေတာလေ။
crush နဲ့အဆင်ပြေဖို့အရေး ရိပေါ်ကို ကြော်ငြာရိုက်ဖြစ်အောင် ပြောပေးပါမည်ဟု စကားတွေကလွန်ပြီးနေပြီ။ အခုမှ ရိပေါ်က လက်မခံဘဲ ငြင်းလိုက်ပါတယ်လို့ပြောလိုက်ရင် ကိုယ့်သိက္ခာတွေက go ပြီ။ အဲဒီတော့ ရိပေါ် ဒီအလုပ်ကိုလက်ခံမှဖြစ်မည်။
ပြီးတော့ ဒီအလုပ်ကိုလက်ခံလိုက်ရင် ရိပေါ်ရမယ့်ကြော်ငြာခရဲ့ % ကိုလဲ မိမိရအုံးမည်။ ပြီးတော့ gym မှာလာရိုက်မှာမို့ gym အသုံးပြုခလဲ ကိုယ်ရမည်။ ပြီးတော့ သူတို့ကုမ္ပဏီရဲ့ vending machine ကိုလဲဒီမှာလာထားပေးမည်ဟုပြောတာကြောင့် အဲဒီကနေ အအေးရောင်းရတိုင်းလဲ ကိုယ်က % ရအုံးမှာ။ ဘယ်ဘက်ကကြည့်ကြည့် ကိုယ့်အတွက် အသာစီးတွေချည်းပဲလေ။
YOU ARE READING
My Gym Trainer (Completed)
FanfictionWhen Yibo become a persona gym trainer for Xiao Zhan... Will Yibo change Chubby XZ to Handsome XZ??? Will Xiaozhan fall for his handsome trainer??? Well, let's start the story 💚❤️ Fic cover by Xiao Aeri Monn