Ep 5 - နေမကောင်းဖြစ်သွားရှာတဲ့ကိုကြီး

16.3K 2.2K 159
                                    

My Gym Trainer Ep 5

ဝမ်ရိပေါ်တစ်ယောက် စိတ်တိုနေတယ်။ သူစိတ်တိုနေတာလဲ ဘယ်သူ့ကိုမှပြောပြလို့မရပြန်ဘူး။ ဘာလို့လဲဆိုတော့ ညနေ ၄ နာရီ gym လာဖို့ ဟိုလူကြီးကိုပြောထားပေမယ့် ရောက်မလာသေးလို့။ ဟောက်ရွှမ်းကိုလဲ မမေးချင်။
ဒီကောင်တွေက နည်းနည်းမှမျက်နှာသာပေးပီး အဖက်လုပ်လို့မကောင်းတဲ့ကောင်တွေ။
၄၅ မိနစ်လောက်နောက်ကျနေတဲ့အခါမှာတော့ ဝမ်ရိပေါ်သည်းမခံနိုင်တော့။ member တစ်ယောက်ကို train နေတဲ့ ဟောက်ရွှမ်းနားကိုသွားမေးရတော့သည်။

"ဟောက်ရွှမ်း ဒီနေ့ မင်း trainee မလာဘူးလား"

"အခု train နေတာလ မင်းမမြင်ဘူးလား"

"မဟုတ်ဖူးလေ ဟိုရှောင်းကျန့်ဆိုတဲ့လူကြီးရဲ့သူငယ်ချင်း"

"အော် ကျိရန်ကောက ဒီနေ့မလာဘူး သူ့ဆိုင်မှာပွဲရှိလို့ဆိုလားပဲ"

"အဲဒါဆို ရှောင်းကျန့်ကရော"

"ဟေ သူက မင်းသင်တဲ့သူလေ မင်းမသိတော့ ငါကဘယ်လိုသိမှာတုန်း"

"ဘာကိုသုံးစားမရဘူး မင်းက TU ထဲက ပုကျိသောက်အတိုင်းပဲ"

"ဟမ် ဘာကို"

ရိပေါ်တို့ကတော့ ထုံးစံအတိုင်း ဟောက်ရွှမ်းပြန်ပြောတာကို နားမထောင်ပဲထွက်သွားလေပြီ။ ဟောက်ရွှမ်းမှာသာ ကိုယ့်တပည့်ရှေ့မှာ ဟောက်စားလုပ်ခံလိုက်ရလို့ ဆဲဆိုချင်နေတဲ့ဟန်တစ်ပြင်ပြင်နဲ့။ ဒီကောင်မလေးကို ကိုယ်ကနည်းနည်းခွက်ရှ်နေပါတယ်ဆိုမှကွာ။

ဘာမပြော ညာမပြောနဲ့ gym မလာသော ရှောင်းကျန့်ကို ဝမ်ရိပေါ် စိတ်တိုနေပြီ။ ဘာလို့သူစိတ်တိုနေရလဲ လာမမေးနဲ့၊ သူတောင်မသိ။ တကယ်ဆို သင်ပေးရမယ့်သူမလာလဲ သူ့ဘာသာအေးဆေးနားလို့ရတာကို ရိပေါ်မကျေမနပ်ဖြစ်နေတာ။ အခုချိန် မင်း ကျန့်ကောကို လွမ်းနေတာမှတ်လားလို့ သွားမမေးနဲ့နော်။
"ဖုန်ရှူလိုက်" လို့အပြောခံရလိမ့်မယ်။

ဝမ်ဟိုက်ခွမ်းလိုသာနေ။ သူဆို သူ့ညီလေး မျက်နှာစူပုတ်နေတာမြင်လို့ ရိပေါ်နားကိုမကပ်။ ထိုင်နေကြကောင်တာမှာတောင်မကပ်ပဲ gym supplement stock တွေစစ်မယ်ဆိုပီး store ခန်းထဲဝင်နေတာ။ လည်သလားတော့မမေးနဲ့ မွှတ်နေရော။

My Gym Trainer (Completed)Where stories live. Discover now