Ep 20 - Yibo is mine 😎

15.1K 1.7K 137
                                    

My Gym Trainer Ep 20

မျက်နှာကြီး ၈ ခေါက်ချိုးနဲ့ ရှုံ့မဲ့ကာပြန်လာသော ဟောက်ရွှမ်းကိုစန့်ကျင် ဂရုမစိုက်အား။

လောလောဆယ် သူဂရုစိုက်နေတာ ဟိုက်ခွမ်းကောကို။

ရည်းစားတွေသက်စေ့ထားလောသော ကျူးစန့်ကျင်တစ်ယောက် အခုမှ မရှူနိုင် မကယ်နိုင်တွေဖြစ်နေတာ ဟိုကောင်တွေသိရင် ဘာပြောမလဲမသိသေး။

အဲဒီနှစ်ကောင်ကို အသိမပေးဘဲ မိမိဘာသာ လှုပ်ရှားဖို့ကမလွယ်။ ခေါင်းကုတ်လိုက် ခြေကုတ်လိုက်နဲ့ ထိုင်မလို ထမလိုဖြစ်နေတဲ့ စန့်ကျင်ကို ဟောက်ရွှမ်းကတစ်ချက်တော့ကြည့်တယ်။

ပြီးတော့ သူ့ဘာသာ ငူငူငိုင်ငိုင်နဲ့ ဆက်ထိုင်နေပြန်ရော။

gym မှာ ဘေးချင်းကပ်ထိုင်ကာ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဖြစ်ကြသော ဟောက်ရွှမ်းနဲ့ စန့်ကျင်နှစ်ယောက်ဟာ ရိပေါ်နဲ့ရှောင်းကျန့် ရောက်လာမှပဲ ပြန်ပြီးအသက်ဝင်လာတော့တယ်။

"ဟေ့ကောင်တွေ မင်းတို့နှစ်ကောင်လုံး ငူငူငိုင်ငိုင်နဲ့ ဘာဖြစ်နေကြတာလဲ"

ညက ယုန်သားစားနိုင်ခဲ့တဲ့ ဝမ်ရိပေါ်က မြောက်ကြွမြောက်ကြွနဲ့မေးတယ်။

"ငါ...ကဘာမှမဖြစ်ပါဘူး"

ဟောက်ရွှမ်းက ခပ်တိုးတိုးဖြေတယ်။ မျက်နှာကတော့ သိပ်သာသာယာယာမရှိဘူး။

"စန့်ကျင် မင်းကရော"

"ငါ မင်းတို့ကိုပြောစရာရှိတယ်"

"love affair? (အချစ်ကိစ္စလား)"

"အင်း"

"အဲဒါဆို ထုံးစံအတိုင်း ဧည့်ခန်းထဲပေါ့ကွာ"

ဟိုက်ခွမ်းကောရဲ့ စီးပွားရေးဧည့်သည်တွေကို လက်ခံတွေ့ဆုံတဲ့ gym က ဧည့်ခန်းကလဲ သူတို့တွေရဲ့ အချစ်ရေးကိစ္စတိုင်ပင်တဲ့အခန်းကြီးဖြစ်မှန်းမသိဖြစ်ရောပဲ။

"ဒါနဲ့ ကျန့်ကောနေမကောင်းဘူးလား"

စန့်ကျင်က သိပ်လှုပ်လှုပ်ရှားရှားမရှိသော ရှောင်းကျန့်ကိုကြည့်ကာမေးလိုက်ခြင်းပင်။

လမ်းလျှောက်တာလဲ လှုပ်လီလှုပ်လဲ့နဲ့။
ထိုင်ခုံမှာထိုင်တော့လဲ ကုန်းကုန်းကွကွနဲ့ ရိပေါ်ကလဲ ကျန့်ကောကို လိုတာထက်ပင် ပိုဂရုစိုက်နေသလို ပုံစံဖြစ်နေတာကြောင့် မေးလိုက်တာဖြစ်သည်။

My Gym Trainer (Completed)Donde viven las historias. Descúbrelo ahora