Ep 24 - Couples now

14.1K 1.7K 216
                                    

My Gym Trainer Ep 24

အနားမှာ ရိပေါ်မရှိနေတုန်း bubble tea ဘူးလေးဘေးချကာ မတော်ရသေးတဲ့ ယောက္ခထီးကြီးရဲ့ project အတွက်
ဒီဇိုင်းပုံကြမ်းကို ရှောင်းကျန့်ထိုင်ဆွဲနေဖြစ်သည်။

bubble tea လေးသောက်လိုက် ပုံလေးဆွဲလိုက်နဲ့မို့ သာယာနေသည်ဟု ထင်ရသော်လည်း ရှောင်းကျန့်စိတ်ကလေးက တကယ်တမ်းတော့ သာယာမနေပါ။

ပေါ်တိကိုလွမ်းသည်။

အခုချိန် ရိပေါ် ဘေးနားမှာရှိရင် အဲဒီ ကျန်းမာရေးနဲ့မညီညွတ်တာကြီးကို သောက်နေပြန်ပြီလားဆိုပြီး တားလိမ့်မည်။

အခုတော့ အဲလိုတားမယ့် ပေါ်တိလေး အနားမှာမရှိ။

ဆိုင်ကယ်လ်ပြိုင်ပွဲဝင်ဖို့အလလောက်အလိုကတည်းက အနီးကပ် camp ဝင်ပြီးလေ့ကျင့်ရမည်ဟုဆိုကာ ရိပေါ် မြို့ပြင်ဘက်က သူတို့အဖွဲ့ရဲ့ camp မှာသွားနေနေတာ နှစ်ပတ်လောက်ရှိပြီ။

အတူတူရှိခဲ့တဲ့အချိန်တွေက သိပ်မကြာသေးပေမယ့် အချိန်တိုင်းလိုလို အတူတူရှိခဲ့ကြတာမို့ ပေါ်တိကို ရှောင်းကျန့် တကယ်ပဲလွမ်းပါသည်။

အထူးသဖြင့် ဒီအခန်းထဲမှာရှိနေတဲ့အချိန်တွေ။

းရိပေါ်ဆိုတာ ပေါ်မလာခင်တုန်းက ဒီအခန်းထဲမှာ ရှောင်းကျန့်တစ်ယောက်တည်း ၇ နှစ်လောက်နေခဲ့ဖူးပေမယ့် အခုတော့ ရှောင်းကျန့်တစ်ယောက်တည်းမနေတတ်တော့သလိုတောင် ဖြစ်နေမိပြီလေ။

ဒီအခန်းထဲမှ ရိပေါ် အငွေ့အသက်တွေပဲကျန်နေသလိုလို၊ မွေ့ယာပေါ်လှဲအိပ်မိရင်ပဲ ရိပေါ် ရေမွှေးနံ့သင်းသင်းလေးရသလိုနဲ့ အတော်အနေရခက်လှသည်။

အဲဒီလောက်ထိ အဲဒီကောင်လေးက ရှောင်းကျန့်ကို စိုးမိုးနိုင်စွမ်းရှိလှသည်။

နေရင်းထိုင်ရင်းကို အလွမ်းပိုလာရတာမို့ ရိပေါ်ပုံလေးဘာလေးများတင်ထားမလားလို့ weibo ကိုဖွင့်ကြည့်လိုက်သည်။

ရိပေါ်က selfie ပုံတွေသိပ်မတင်တတ်ပေမယ့် သူတို့အဖွဲ့ရဲ့ page ကတော့ ပြိုင်ပွဲဝင်တွေ လေ့ကျင်းရေးဆင်းနေတဲ့ပုံတွေဘာတွေကို ရက်ခြားဆိုသလိုတင်တတ်တော့ ရှောင်းကျန့်ရဲ့ tracer85 ပုံလေးများ ပါလာလေမလားပေါ့။

My Gym Trainer (Completed)Where stories live. Discover now