Ep 6 - လွမ်းတယ်

16K 2.2K 100
                                    

My Gym Trainer Ep 6

ဒီနေ့ မင်းတို့ကိုကြီးစိတ်ညစ်နေတယ်။ အကြောင်းက ကိုကြီးရဲ့ရိပေါ်လေး ဒီနေ့ gym မလာလို့။ ချိန်းထားရှိလို့ ဖျက်လို့မရလို့တဲ့။ ရိပေါ်သူငယ်ချင်း trainer စန့်ကျင်ကို အစားထိုး train ခိုင်းတယ်။
စန့်ကျင်က သဘောကောင်းပါတယ်။ ရိပေါ်ထက်လဲ ကိုယ့်ကိုနားချိန်ပိုပေးပြီး အလိုလိုက်သေးတယ်။
ဒါပေမယ့် ရှောင်းကျန့်မပျော်ဘူး။ ရိပေါ်မျက်နှာချောချောလေးကိုမငေးရလို့၊ ပြီးတော့ သူကိုယ်တိုင်ဝင်ဆော့နေတဲ့အခါမျိုးမှာ လှစ်ခနဲ လှစ်ခနဲပေါ်လာတတ်တဲ့ ပေါင်မုန့်တုံးလေးတွေကို မမြင်ရလို့။

ခပ်တည်တည်နေတဲ့ရိပေါ်ကိုစရတာပျော်တယ်။ သူ စိတ်လိုလက်ရပြုံးလာတာကို မြင်ရင် ကိုယ်ပါပျော်တယ်။ အခုလိုမတွေ့ရတော့ ရှောင်ကျန့်ရယ်တောင်မရယ်နိုင်ပေ။

"မင်းမျက်နှာကြီးကဘာဖြစ်နေတာလဲ စန့်ကျင်က အသေ train လိုက်လို့လား"

Gym ဆော့အပြီး ရေချိုးပြီးလို့ ခေါင်းသုတ်နေစဉ် ကျိရန်ကမေးလာတော့ စိတ်မပါလက်မပါပြန်ဖြေလိုက်သည်။

"မဟုတ်ပါဘူး"

"အဲဒါကိုမင်းမျက်နှာကဘာလို့အီးမှန်ထားသလိုဖြစ်နေရတာလဲ ဘာလဲဝမ်ရိပေါ်မလာလို့လား"

"အင်း"

"ထင်သားပဲ ငါမေးအုံးမယ် မင်းတို့ဘယ်အခြေအနေရောက်နေကြပြီလဲ"

"ဟမ် ဘာကိုဘယ်အခြေအနေရောက်ရမှာလဲ"

"ဒူလိုက်တာ မင်းကလေ ကျောင်းစာကလွဲရင် ကျန်တာဘယ်နေရာမှာမှ ဥာဏ်မပြေးဘူး မင်းနဲ့ဝမ်ရိပေါ် ကြိုက်နေကြပြီလားမေးတာဟ"

အုစ် မကြံကောင်းမစည်ရာ ကျိရန်ရယ်။ ဒီကကောင်က gym ဆော့ပြီး ပိန်သွားမှ ဆော်အလန်းလေး ရှာမလို့ပါဆို ဇွတ်။

"အမ် ငါက homo မှ မဟုတ်တာ ဘာလို့ကြိုက်ရမှာလဲ"

"ဟေ မင်းပဲ ဝမ်ရိပေါ်ကိုကြိုက်တယ်ဆို"

"အာ အဲဒါက idol တစ်ယောက်လို role model တစ်ယောက်လိုကြိုက်တာကိုပြောတာကွ"

"မဟုတ်သေးပါဘူး မင်းပုံစံက အဲလို idol ကိုကြိုက်တဲ့ပုံစံမှမဟုတ်တာ တော်တော့်ကိုဖြစ်နေတာလေ"

My Gym Trainer (Completed)Where stories live. Discover now