After You Change (Intro)

20.6K 964 12
                                    

ကျွန်တော့ နာမည်က Park JiMin

Oops! Această imagine nu respectă Ghidul de Conținut. Pentru a continua publicarea, te rugăm să înlături imaginea sau să încarci o altă imagine.

ကျွန်တော့ နာမည်က Park JiMin..
အဖေနဲ့အမေမရှိတဲ့နောက်ပိုင်း ကျွန်တောနဲ့သွေးမတော်သားမစပ်ပေမယ့် ညီအစ်ကိုတွေထက်ပိုချစ်ပြီး ပိုဂရုစိုက်တဲ့ Jin Hyung ကကျွေးမွေးစောင့်ရှောက်လာခဲ့တာ...နာမည်အပြည့်အစုံကတော့ Kim Seok Jin....Hyungက အေးဆေးပြီးတည်ငြိမ်တယ်...ကျွန်တော့်ကိုလဲအရမ်းချစ်တယ်.....ပြီးတော့ Jin Hyung က တက္ကသိုလ်ကျောင်းသားပေမယ့် အချိန်ပိုင်းအလုပ်တွေလုပ်ပြီး ကျွန်တော့ကို ပြုစုကျွေးမွေးလာတာ ကျွန်တော်အခု အထက်တန်းကျောင်းသားဖြစ်တဲ့အထိပါ...ကျွန်တော်က ငယ်ငယ်လေးထဲက အရမ်းကြောက်တတ်တယ် လိုတာထက်ပိုပြီးတော့ကို ကြောက်တတ်တယ်..ဘာလို့လဲဆိုတော့ ကျွန်တော်ငယ်ငယ်ထဲက မမြင်အပ်တဲ့အရာကို မြင်ပြီးနေလာရလို့...အခုအချိန်ထိလဲမပြောင်းလဲသေးဘူး အဲ့လိုကြောက်စိတ်ကြီးလို့လဲ ကျောင်းနောက်ကျမှအပ်ခဲ့ရတာ အမှန်ဆို ကျွန်တော်က ဒုတိယနှစ်ကျောင်းသားအရွယ်ဗျ....အရွယ်သာရောက်လာတာ ငယ်ငယ်ထဲက သူများလှောင်ခံပြောင်ခံ ဝိုင်းအနိုင်ကျင့်ခံခဲ့ရတာ နေသားတောင်ကျနေခဲ့ပြီ...မျက်မှန်ထူထူအဝိုင်းပုံစံနဲ့ ကြောက်စိတ်ကြီးလွန်းပြီးကုပ်ချောင်းကုပ်ချောင်းဖြစ်နေတဲ့ကျွန်တော့ပုံစံကြောင့်ထင်ပါရဲ့....

_________________________________________

_________________________________________

Oops! Această imagine nu respectă Ghidul de Conținut. Pentru a continua publicarea, te rugăm să înlături imaginea sau să încarci o altă imagine.
After You ChangeUnde poveștirile trăiesc. Descoperă acum