After You Change (Ep 12)

6.4K 617 42
                                    

လေယဥ်ပေါ်ကဆင်းပြီးတဲ့နောက် လေဆိပ်အဝင်ပေါက်ရှေ့လမ်းလျှောက်နေစဥ် JiMinလဲ TaeHyung ကိုလာကြိုတာတွေ့လိုက်တာကြောင့် ​TaeHyung ဆီပြေးသွားကာ ဖက်လိုက်ပြီး

JiMin - yrrr မတွေ့တာတောင်ကြာပြီ နေကောင်းလား...

TaeHyung - အင်း ကောင်းပါတယ် မင်းရော...

JiMin - ငါလဲကောင်းပါတယ်...

သူငယ်ချင်းနှစ်ယောက်ရိုးရိုးသားသားနှုတ်ဆက်ပြီးပျော်နေကြပေမယ့် မပျော်နိုင်သူမှာတော့ Jeonlous ...သူ့အမြင်မှာတော့ JiMinက TaeHyung ကိုတွေ့တာနဲ့ သူနဲ့တွဲထားတဲ့လက်ကိုဖြုတ်ချကာ TaeHyung ဆီပြေးပြီးသွားဖက်တယ် ပြီးတော့လဲ ရယ်ရယ်မောမောစကားတွေပြောသေးတယ် HoSeok ကတော့ သူတို့သူငယ်ချင်းသံယောဇဥ်ကြောင့်ဆိုတာနားလည်ပေးလို့ရပေမယ့် JungKook ကတော့...

JungKook - ငါတို့လဲပါတယ်

TaeHyung - မင်းနဲ့ JiMin သတင်းငါကြားပါတယ်...မင်းအတွက်ငါဝမ်းသာပါတယ်..

JungKook - အေးပါ...

TaeHyung - ဒါဆိုသွားကြမယ်လေ " ​လို့ပြောပြီးတဲ့နောက် TaeHyung က HoSeok suitcase ကိုသယ်ပေးကာ အရှေ့ကထွက်သွားလေတယ်..

Yoongi - yrrr Hoseok-ah ပါးစပ်ကြီးနားရွက်တတ်ချိတ်တော့မယ်...

HoSeok - ဟီး...ငါသူ့ကိုအဲ့တာတွေကြောင့်ချစ်တာ...

***************************************
TaeHyung အိမ်ရောက်တော့ JungKook နဲ့ JiMin က တစ်ခန်း HoSeokနဲ့ Yoongi ကတစ်ခန်း TaeHyung ကသူ့အခန်းနဲ့သူ ....

JiMin - wowww မင်းအိမ်ကတော်တော်လှတာပဲ ...

JungKook စိတ်ထဲ - ငါ့အိမ်လဲလှသားပဲ

JiMin - ဝါးးးးး အိမ်နောက်ဖက်မှာရေကူးကန်....

JungKook စိတ်ထဲ - ငါ့အိမ်မှာလဲရှိတာပဲ...

TaeHyung - ဒါဆိုမင်းတို့နားကြဦးနော် ငါဆေးရုံခဏပြန်သွားလိုက်ဦးမယ်...ညနေကြမှသောက်ကြတာပေါ့ ....HoSeok-ah လိုက်မလား...

HoSeok - ဟင် ငါ...

TaeHyung - အင်း...

HoSeok - ခဏစောင့်နော် ဒါဆို ငါအဝတ်အစားလဲလိုက်ဦးမယ် " ပြောပြီး Yoongi အိပ်ယာပေါ်မှာ လှဲနေတာကို

HoSeok - Yoongi-ah Yoongi-ah ထဦး ငါဘာဝတ်သွားရမလဲ လုပ်ဦး....ဘာဝတ်သွားရမလဲ...

After You ChangeWhere stories live. Discover now