After You Change (Ep 2)

7.8K 913 17
                                    

"JiMin-ah မဝင်ပဲဘာလုပ်နေတာလဲ"

အခန်းရှေ့ရောက်တော့ အခန်းထဲမဝင်ပဲ ရပ်နေတဲ့ JiMin ကို TaeHyung မေးလိုက်ခြင်းပင်..

"ငါမင်းကိုစောင့်နေတာ ပြောစရာရှိလို့ ငါနဲ့ ခဏလောက်လိုက်ခဲ့ပေးပါ"

ခေါင်မိုးပေါ်ရောက်တော့...

"TaeHyung-ah မင်းငါကိုခင်လို့ ငါကျေးဇူးတင်ပါတယ်...ဒါပေမယ့် အခုလိုအလုပ်မျိုးထပ်မလုပ်ပါနဲ့ ငါတောင်းဆိုတာပါ.."

" sorry JiMin ငါလိုက်လျောနိုင်မယ်မထင်ဘူး..."

"ငါ့ကိုခင်ချင်ခင်ပါ ငါလဲမင်းကိုခင်ပါတယ် ဒါမယ့်ကျောင်းမှာမဟုတ်ဘူး အပြင်မှာ..ကျောင်းရောက်ရင် ငါ့ကိုမသိသလိုနေပေးပါ.."

"Tony လိုပဲလုပ်ခိုင်းနေတာလား..ငါအားလုံးသိပြီးပြီ ....အဲ့တော့ ဒီနေ့ကစပြီး မင်းမကြောက်နဲ့တော့ ငါရှိတယ်..."

သူ့ရှေ့မှာ လေးထောင့်ပုံစံနဲ့ သွားလေးများပေါ်အောင်ပြုံးပြနေတဲ့ TaeHyungကို JiMinခင်မိပါသည်.....သို့ပေမယ့် ခုနကလို JungKookနဲ့ ထိပ်တိုက်တွေ့မှာတို့ သူ့အတွက်ကြောင့်နဲ့ ရန်ဖြစ်ရတာတို့ကိုတော့ မလိုလားပေ...ဒါကြောင့်လဲ တားမြစ်နေသည်ကို TaeHyung က လက်မခံ.. ခက်လိုက်တာ TaeHyungရယ်....

***************************************

ကျောင်းဆင်းချိန်ရောက်တော့ လာကြိုတဲ့ကားပေါ် TaeHyung တတ်ထိုင်လိုက်သည်...နေ့လည်က ရထားတဲ့ ဒဏ်ရာကြောင့် စုတ်တချက်သက်ကာ အပြင်ကိုငေးလိုက်တော့ လမ်းဘေးပလက်ဖောင်းမှာ ခေါင်းငိုက်စိုက်ကာ တရွေ့ရွေ့လျှောက်နေတဲ့ အရိပ်ကလေး...TaeHyungလဲ Driver အား ကားရပ်ခိုင်းလိုက်ကာ...

"JiMin-ah ငါ့ကားနဲ့လိုက်ပြန်ပါလား လိုက်ပို့ပေးမယ်"

"အာ မလိုပါဘူး ရတယ်..."

" ဘာကိုရကမှာလဲ မင်းပုံကိုမင်းကြည့်ဦး တစ်ကိုယ်လုံးပေကြံနေတာ မင်းအဲ့ပုံစံလမ်းဆက်လျှောက်မလို့လား ...လာပါ တတ်..."

ကားပေါ်ကဆင်းကာ အတင်းဆွဲခေါ်နေတဲ့ TaeHyung ကြောင့် JiMin လက်ခံလိုက်ရတော့သည်..

"ကျေးဇူးပါ.."

"မလိုပါဘူး သူငယ်ချင်း အချင်းချင်းပဲ..."

After You ChangeWhere stories live. Discover now