After You Change (Ep 7 )

7.5K 806 18
                                    

HS - " JiMin-ah မနက်ဖြန်ည cool..."

"မ cool ဘူး ဟျောင့်ရေ...သဘက်ခါ Jin Hyung ဘွဲ့ယူရမှာကွ မနက်ဖြန်ညသောက်လိုက်ရင် သဘက်ခါထနိုင်မှာမဟုတ်ဘူး..."

Yg - " အော် မင်းအကို ဘွဲ့ယူလား ဘာတွေပြင်ဆင်ပြီးပြီလဲ..."

"ဟူး ဘာပေးရမယ်မှန်းတောင်မသိဘူး အဲ့တာကြောင့် သူအလုပ်ဝင်ရင် ဝတ်ဖို့ နက်ကတိုင်လေးပဲဝယ်လာတယ်...ကြည့်မလား...

ဒီမှာကြည့်...."

"အင်း လှတယ်..."

JK - "သဘက်ခါ ဘယ်အချိန်လဲ.."

"သဘက်ခါ မနက်9နာရီလောက် သူတို့ကျောင်းမှာ..."

TH - "ငါလိုက်ပို့မယ်..."

"အင်း အဆင်ပြေတာပေါ့..."

JungKook မှာလိုက်ပို့ချင်ပေမယ့် မပြောရဲခဲ့ပါ အဘယ်ကြောက့်ဆို အရင်ကသူလုပ်ထားတဲ့ကိစ္စတွေအတွက် အခုအချိန်မှာတော့ နောင်တရမိသည်လေ..... JiMin ကို အနှစ်နှစ်အလလ နှိပ်စက်လာတာ သူ့အကိုJin Hyung လဲ သိလောက်ရောပေါ့....ဒါတောင် သူနဲ့ အခုလို ခင်နေတာ Jin Hyung မသိသေးလို့ သိရင်ပေါင်းတောင် ပေါင်းခိုင်းပါ့မလားဆိုတဲ့အတွေးမျိုးနဲ့ စိုးရိမ်နေရသည်....

ဒီအချိန်မှာတော့ သူ TaeHyung ကိုအားကျမိပါရဲ့....

**************************************

Jin ဘွဲ့ယူတဲ့နေ့ ..

"Hyung အဆင်သင့်ပဲလား JiMin-ah သွားမယ်လေ..."

"အိုကေ လာပြီ.. ဒါနဲ့ TaeHyung-ah လမ်းမှာပန်းဆိုင်တွေ့ရင် ခဏရပ်ပေးပါလား ပန်းစည်းတောင်မဝယ်ရသေးဘူး.."

Jin - "အမလေး ပုကျိရေ မလိုပါဘူး မသိအောင် ပေးတာလဲမဟုတ်ဘူး လူရှေ့သူရှေ့ကြမှ..."

"ဟီးဟီး...ဒါပေမယ့် လဲ ဂုဏ်ပြုပန်းစည်းနဲ့မှ တင့်တယ်မှာပေါ့ Hyungရဲ့"

"မလိုဘူး မဝယ်နဲ့တော့..."

ဘွဲ့ယူအခန်းအနားပြီးသွားလို့ ကျောင်းဆောင်ရှေ့မှာ ဓာတ်ပုံရိုက်ရန်သုံးယောက်သား ရပ်နေစဥ် ကျောင်းဆောင်ခေါင်းမိုးပေါ်မှ ရုတ်တရတ်ဆိုသလို  စာတမ်းရှည်ကြီးနှစ်ကြောင်းကျလာခဲ့သည်...

"Kim SoekJin Hyung ဘွဲ့ယူတာဂုဏ်ပြုပါတယ်" တဲ့

ဂုဏ်ပြုစာတမ်းကြီးပါလား....Jin Hyung နာမည်ကြီးလဲ ထင်းလို့....JiMinရော Jin ပါ အံ့သြမှုအပြည့်ဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်ထားရသည်.... ဒါဘယ်သူ့လက်ချက်လဲ....

After You ChangeWaar verhalen tot leven komen. Ontdek het nu