After You Change (Ep 18)

4.7K 542 47
                                    

Yoongi တို့ ၃ယောက် အိမ်ပြန်ရောက်လာတော့...

HoSeok - JiMin-ah ဒီအထုပ်တွေက ဘာတွေလဲ....

JiMin - ငါ တဘက်ခါကြရင် Jin-hyung တို့ဆီလိုက်သွားမလို့...ငါဒီမှာမနေချင်တော့ဘူး

HoSeok - ခဏနေပါဦး မင်းကိုငါတို့ပြောပြစရာရှိတယ် ...

JiMin - JungKook စေ့စပ်ပွဲကိစ္စလား...

TaeHyung - မင် ဘယ်လိုလုပ်....

JiMin - မနက်က သူ့ဇနီးလောင်းကိုယ်တိုင်လာဖိတ်သွားတာ မနက်ဖြန်ည JungKook အိမ်မှာပဲ မွေးနေ့ပွဲနဲ့ စေ့စပ်ပွဲလုပ်မယ်တဲ့ လာဖြစ်အောင်လာခဲ့ပါဆိုလို့....

HoSeok - တောက်!!!!!!! ဒီမိန်းမကတော့...

Yoongi - မင်းအဆင်ပြေရဲ့လား...

JiMin - ပြေပါတယ် ....ငိုရလွန်းလို့မျက်ရည်ခမ်းသွားပြီထင်ပါရဲ့ ..." ခပ်ရေးရေးလေးပြုံးပြကာ...

TaeHyung - JiMin-ah မင်းအထင်လွဲနေပြီ ဟိုဟာလေ

Yoongi - TaeHyung-ah ...." ​မပြောနဲ့ဆိုတဲ့သဘောဖြင့် ခေါင်းခါပြလေတယ်....

ထို့နောက် JiMin အခန်းထဲပြန်ဝင်သွားတော့မှ...

Yoongi - ငါပြောမယ် အခုလောလောဆယ်တော့ မပြောနဲ့ဦး JiMin ကို Jin hyung ဆီ သွားခွင့်ပေးထားလိုက်ပါ အခုအချိန်မှာ JiMin အတွက်အလုံခြုံဆုံးက Jin Hyung ဆီမှာနေတာပဲ...ငါတို့နောက်ပိုင်း JungKook အဖေကိစ္စနဲ့အလုပ်ရှုပ်ရင် JiMin ကိုကြည့်နိုင်မှာမဟုတ်ဘူးလေ...

HoSeok - ဒါပေမယ့် ဒီအတိုင်းကြီး နာကျင်ခိုင်းတော့မှာလား...

Yoongi - အဲ့လိုလဲမဟုတ်ဘူးလေ တကယ်လို့ သူအဖြစ်မှန်သိသွားကြည့် သူJungKook အတွက်ခံစားနိုင်မှာမဟုတ်ဘူး အကယ်၍သာ ငါတို့ဖြေရှင်းတဲ့ကိစ္စအလွဲလွဲချော်ချော်ဖြစ်သွားရင် သူနှစ်ခါနာကျင်ရမှာ....ဒီလောက်နဲ့တင်လုံလောက်နေပါပြီကွာ...

TaeHyung - အေးလေ အခုမှ အနည်ထိုင်ရုံလေးဆိုတော့ Jin Hyung ကိုတော့ ပြောပြထားသင့်တယ်ထင်တယ်...

HoSeok - အင်း ငါရှင်းပြလိုက်ပါ့မယ် ဒါဆို ငါဖုန်းဆက်ထားလိုက်မယ်....

**************************************
ညနေရောက်တော့

Yoongi - မင်းဘယ်သွားမလို့လဲ....

After You ChangeWhere stories live. Discover now