After You Change (Ep 16)

5.3K 554 16
                                    

တက္ကသိုလ်ပထမဆုံးနေ့....

ကျောင်းဖွင့်တာတော့ ၃ ၄ရက်လောက်ရှိပြီဆိုပေမယ့် ခရီးလွန်နေကြတဲ့ ၅ယောက်အတွက်တော့ တက္ကသိုလ်ပထမဆုံးနေ့ပေါ့.... အထက်တန်းကျောင်းမှာအတိုင်းပဲ ဒီကျောင်းမှာလဲ နာမည်ကြီး တစ်ခန်းထဲနေ အမြဲတမ်းသောင်းကျန်းနေတဲ့ ၅ယောက်ကတော့ ကောင်မလေးတိုင်းလိုလိုနဲ့ တချို့ကောင်လေးတွေအတွက် Idolတွေလိုပါပဲ ပိုက်ဆံကလဲရှိ ရုပ်လေးတွေကလဲအပျံစားဆိုတော့ မဆန်းပါဘူးလေ...အဲ့လိုပြီးပြည့်စုံနေတဲ့ ၅ယောက်ကြောင့် တချို့ယောကျားလေးတွေအတွက်တော့ မျက်မုန်းကျိုးချင်စရာပါ...

တက္ကသိုလ်တတ်ရန်အဆင်ပြေဖို့အတွက် ကျောင်းနားက အိမ်တစ်လုံးကို ဝယ်လိုက်ကြပြီး ၅ယောက်စုနေဖြစ်ခဲ့ကြတယ်..အိမ်မှာလဲ ထုံးစံအတိုင်းရေကူးကန်...Game room ..Karaoke room ...mini bar လေးကအစ ထည့်သွင်းပြီးစိတ်ကြိုက်ဖန်တီးခဲ့ကြတယ်...အတူသွားအတူလာအတူကျောင်းတတ် တချို့ညတွေဆိုအပြင်ထွက်သောင်းကျန်းခဲ့ကြပြီး တက္ကသိုလ်ကျောင်းသားဘဝရဲ့အနှစ်သာရကို အတူခံစားလာလိုက်တာ ပထမနှစ်ကုန်လို့ ဒုတိယနှစ်ဝက်တောင်ရောက်ခဲ့လေပြီ....

ဒါပေမယ့် ကံကြမ္မာဆိုတဲ့အမျိုးကိုက ပျော်ရွှင်စရာလေပြေလေးတွေပဲရှိနေတတ်တာမှမဟုတ်တာ....မုန်တိုင်းဆိုတာလဲ မထင်ရင် မထင်သလိုဝင်တတ်သေးတာကိုး....

At JK' s Home...

JK' dad - မင်းကျောင်းထွက်လိုက်တော့....

JungKook - ဟင် ရုတ်တရတ်ကြီး ဘာလို့လဲ ဖေဖေ

JK' dad - မင်းလက်ထပ်ရမယ်...

JungKook - အတော်ပဲ ကျွန်တော့မှာချစ်သူရှိနေပြီ ကျောင်းပြီးမှ လက်ထပ်ဖို့စဥ်းစားထားတာ အခု ဖေဖေက ဒီလိုဆိုတော့လဲ ...ဟီးးးး...

JK' dad - မင်းကိုငါချစ်သူရှိလား မရှိလား မေးနေတာမဟုတ်ဘူး မင်းငါစီစဥ်တဲ့သူနဲ့လက်ထပ်ရမယ်....

JungKook - ဟာ အဓိပ္ပါယ်မရှိလိုက်တာ ....ကျွန်တော်လုံးဝမယူနိုင်ဘူး ကျွန်တော့မှာချစ်သူရှိတယ်....အဖေပြောချင်တာ ဒါပဲမှတ်လား ကျွန်တော်သွားတော့မယ်....

JK' dad - Jeon JungKook!!!!!!!!!!

ခွမ်းးးးးးးးး

JungKookရဲ့ အဖေ လက်ထဲကသောက်လက်စ အရက်ခွက်နဲ့ JungKookဘေးကနံရံကို ပစ်ပေါက်လိုက်တဲ့အခါ....

After You ChangeWhere stories live. Discover now